အပိုင်း 33
ကောင်းမွန်မြတ်က မတ်တပ်ရပ်ခိုင်းတာတောင် မရပ်ဘဲ ပေကပ်စွာခုံမှာထိုင်နေလေသူကား ထူးထူးမြင့်ဇော်ပင်။
သူ့ရဲ့လက်နက်ဖြစ်သော အငိုလက်နက်ကိုထုတ်သုံးသော်လည်း ကိုကောင်းမွန်မြတ်ကမချော့။မျက်နှာကရွာချတော့မယ့်မိုးလိုအရိပ်အယောင်အပြည့်နှင့်ပင်။
"ထူးထူးမြင့်ဇော် ကိုကိုအိမ်ပြန်တော့မယ် ...မတ်တပ်မရပ်ရင်လည်းနေတော့"
ကောင်းမွန်မြတ်စိတ်တိုသဖြင့် ထူးထူးကိုလေသံမာမာနဲ့ပြောလိုက်သည်။ဒီကလေးက ဂျစ်လွန်းသည်။
"ကိုကို ...သားက သားမှန်တယ်ပြောပေးစေချင်တာကို ကိုကိုကဘာလို့မပြောပေးတာလဲ....သားဘက်မှာကိုကို့ကိုရှိစေချင်တာကို"
ထူးထူးရဲ့ပုံစံတချို့က နန်းနန်းနဲ့တူလွန်းသည်။နန်းနန်းကိုပိုလို့သတိရစေသည်။
"ထူးထူး...ထူးထူးက ထူးထူးလုပ်တဲ့ကိစ္စတွေကို မှန်တယ်ပြောပေးစေချင်တာလား...ထူးထူးစိတ်သက်သာရာရဖို့ ကိုကို့ကိုစစ်ကူခေါ်ပြီး ထူးထူးဘက်ကနေပါစေချင်တာလား....အဲ့တာဆိုရင်အစကတည်းကလာမပြောနဲ့"
"အား....ကိုကို!"
ထူးထူး အော်ပြီး ခုံပေါ်မှာရှိတဲ့ သင်္ချာစာအုပ်ကိုဖြဲလိုက်သည်။ အငိုလက်နက်သုံးတာမရသဖြင့် ဂျစ်တဲ့နည်းလမ်းကိုသူသုံးမည်။
သင်္ချာစာအုပ်ကိုစုတ်ဖြဲလိုက်သောထူးထူးကြောင့် ကောင်းမွန်ဒေါသကထွက်လာသည်။ဒီကလေးသတ္တိတွေအတော်ကောင်းနေသည်။
ဖြောင်း...
"အာ့"
ကောင်းမွန် ဒေါသထွက်သဖြင့် နားရင်းကိုပစ်ရိုက်လိုက်သည်။
ဖြောင်း..
နှစ်ချက်ဆက်ရိုက်လိုက်တော့ ထူးထူးက သူ့အားမော့ကြည့်လေသည်။
"ထူးထူးမြင့်ဇော် မင်းငါ့အကြောင်းသိတယ်နော် မတ်တပ်ရပ်စမ်း"
"...."
"ထူးထူးမြင့်ဇော်!!"
မတ်တပ်မရပ်ဘဲထိုင်နေသောထူးထူးအား ကောင်းမွန်ဆွဲထူလိုက်သည်။
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ