1

240 23 5
                                    

အိပ်မရတာမို့ ဆွန်းဟန်သက်ပြင်းတွေသာ ချမိသည်။ကောင်းကောင်းမအိပ်ရတာ ဘယ်လောက်တောင်ကြာပြီလဲ။သူ့‌ေန့စဥ်ဘဝထဲကို နာမည်လေးတစ်ခုက ပြန်ပြီးဝင်လာကတည်းက ‌ဆွန်းဟန်အိပ်မရတဲ့ညတွေတိုးလာခဲ့တာ။

"ကျစ် အီဆိုဟီး ကောင်းကျိုးကိုမပေးဘူး"

အလိုက်ကမ်းဆိုးမသိစွာနဲ့ မျက်လုံးတွေက စာကြည့်စားပွဲပေါ်မှာ ထောင်ထားတဲ့photo standဆီရောက်သွားတာမို့ ဆွန်းဟန် ခပ်ကြိတ်ကြိတ်ဆဲလိုက်မိတယ်။

ဘယ်လိုပဲကြိုးစားပါစေ အိပ်လို့မရတဲ့အဆုံး ဆွန်းဟန်လုပ်နိုင်တာက အဲ့ဒီ့သောက်ကျိုးနည်း ပါတီကိုလိုက်သွားပြီး မနက်ဖြန် သဘက်ခါ စာမေးပွဲရှိနေတဲ့ သူ့အခန်းဖော် အီဆိုဟီး မူးပြီးကြောင်မပျောက်သေးခင် ပြန်သွားခေါ်လာခဲ့ဖို့ပဲ။

ဆွန်းဟန်ကိုဆို သိသလိုလို မသိသလိုလိုနဲ့ အမြဲတမ်းနိုင်စားတဲ့ အီဆိုဟီး။စာမေးပွဲနားနီးတိုင်း ပေါက်ကရဆွယ်ရင် အမြဲပါသွားတဲ့ အီဆိုဟီး။ဆွန်းဟန်က ငယ်ငယ်တုန်းကတည်းက မှားပြီးဝယ်ပေးခဲ့တဲ့ beanie ကို အခုထိသိမ်းထားပြီး ထုတ်ဆောင်းတတ်တဲ့ အီဆိုဟီး။အလယ်တန်း တတိယနှစ်မှာ ဆွန်းဟန်ရဲ့ နေ့စဉ်ဘဝထဲကနေ ပျောက်ကွယ်သွားတဲ့ အီဆိုဟီး။‌ေပျာက်သွားခဲ့တာ သုံးနှစ်ပြည့်ဖို့ လေးလအလိုမှာ သူ့ဘဝထဲကို ထွက်သွားတုန်းကအတိုင်း အပြုံးကြီးကြီးတစ်ခုနဲ့ ပြန်ဝင်လာခဲ့တဲ့ အီဆိုဟီး။

ဆွန်းဟန် အီဆိုဟီးအကြောင်းကို ဆက်တွေးနေမိရင် ဒေါသကပိုထွက်လ‌ာတော့မှာ။ဆွန်းဟန်က တတိယနှစ်တက်နေရပြီကို အဲ့ဒီ့ အီဆိုဟီးကတော့ ဒုတိယနှစ်ကို ပြန်တက်နေတုန်း။
စာလဲသေချာလိုက်မလုပ်ဖြစ်လို့ ထပ်ကျကျန်နေခဲ့ရင် ဆွန်းဟန်က အခုထက်ကိုပို‌ေစာပြီး အရင်ကျောင်းပြီးသွားတော့မှာ။

ပါတီလုပ်တဲ့နေရာက သိပ်မဝေးတာမို့ ဆွန်းဟန် လေကောင်းလေသန့်ရှုရင်း လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။အပြာနုရောင်blazerက တနေ့ကဝယ်ထားတဲ့အသစ်မို့ ဆွန်းဟန်က စိတ်ကြည်အောင်ဝတ်လာရတာ။ဘာမဟုတ်တဲ့ နေရာမှာသွားပြီး ဖြုန်းတီးရဦးမယ်။ကိုယ့်ဖာသာ ဓာတ်ပုံရိုက်ပြီး Instagram တင်လိုက်တာက ပိုကောင်းဦးမှာကို။အဲ့ဒီ့ တာဝန်ယူစိတ်မရှိတဲ့ အီဆိုဟီးကြောင့် ဆွန်းဟန်မှာ ပိုပင်ပန်းရတယ်။

Dandelion [SeungHee]Where stories live. Discover now