part 6

1.6K 22 0
                                    

ပြင်းရှရှအနမ်း ( or ) ဦးချစ်ရသော

အပိုင်း -၆

"မလုပ်နဲ့...ဟာ"

စည်းအော်ရင်း လက်စွပ်လေးကြသွားတဲ့ ရေကူးကန်ထဲခုန်ဆင်းသွားသည်။
မေမေရဲ့ တန်ဖိုးထားရဆုံးလက်စွပ်လေးကို စည်း
အပျောက်မခံနိုင်ပါ....
စည်းရေထဲအတော်ကြာထိ ငုပ်လိုက်ပေါ်လိုက်ရှာနေခိုက်
ရာဇာနဲ့ သက္ကရောက်လာပြီး ဆရာဖြစ်သူကိုတွေ့တော့....

"မမလေး ဆရာဘာလို့ရေငုပ်နေတာလည်း"

"သိချင်မေးလိုက်လေ"

"ဗျာ"

"ဆရာ ဆရာ"

"တွေ့ပြီ"

စည်း လက်စွပ်လေးကိုမြှောက်ပြတော့ ရာဇာနဲ့ သက္က
သဘက်လေးယူကာ ရေကူးကန်ပေါ်တက်လာတဲ့  ခိုက်ခိုက်တုန်နေတဲ့ ဆရာဖြစ်သူကို ရာဇာ သဘက်လေးခြုံပေးလိုက်တော့....မေ ထိုင်ရာကနေ ကန် ရေပြင်ကိုငေးလျက်

"ဘယ်လိုလည်း ...ကိုတန်ဖိုးထားတဲ့အရာတစ်ခုဆုံးရူံးသွားမှာသိတ်ကြောက်တာဘဲလား ဟင့်...ရှင်အဲ့တန်ဖိုးကိုသိပြီးလား"

"ဘာလဲ မင်းကငါ့ကို မင်းကောင်အတွက် ကလဲ့စားချေတာလား မင်းပြောစမ်း..."

"ဟင့်အင်း မေကလဲ့စားချေတာမဟုတ်ဘူး ကိုယ်တန်ဖိုးထားတဲ့ အရာတစ်ခုရဲ့ဆုံးရူံးမူကိုသိအောင်ပြတာ...ဟင့်...."

"တောက်....မင်း....ငါမင်းနဲ့ပြဿနာမဖြစ်ချင်ဘူး
မိစု....သူ့ကိုအခန်းထဲခေါသွား"

စည်း မေကိုကြောပေးလျက် ထိုနေရာမှ စာကြည့်ခန်းသို့ ထွက်လာခဲ့သည်။
မေ ရေကူးကန်ဘေးထိုင်နေဆဲ....
ပါးပြင်ပေါကနေ မျက်ရည်တွေလည်း အလိမ့်လိမ့်ပြေးဆင်းနေကြဆဲ.....

မေ အိပ်ခန်းထဲရောက်သည်နှင့် တော်တော်နှင့်သူပေါမလာခဲ့
မေ အဝတ်စားလေးလဲကာ အိပ်ပျော်နေလိုက်သည်မှာ
ဆူညံသံတွေကြားလို့ နိုးလာခိုက် ည ၂နာရီပင်ထိုးနေပြီ....
မေအသံကြားရာသွားလိုက်တော့ စာကြည့်ခန်းဘက်
လူတွေရူပ်နေဆဲ ....ထိုအချိန် ဆံပင်တွေ အခွေခွေလိမ်ထားပြီး ကျော့ရှင်းတဲ့သူတစ်ယောက် အခန်းထဲဝင်သွားတာမေမြင်လိုက်တော့.....

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသောWhere stories live. Discover now