ကန်ဘောင်က အပြန်လမ်းမှာ မုန်အနည်းငယ်နဲ့ ချိုရည်အချို့ဝယ်ခဲ့တယ်။ခင်က ဂီတာတီးပြဖို့ ပြောလို့ အခု ဝရန်တာမှာ ခင်နဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း အလယ်မှာ မှန့်တွေနဲ့ ချိုရည်တွေက နေရာယူထားတယ်။
ခင်ကတော့ ညနေကတိုင် ပြုံးရွှင်နေတာ အခုထိပဲ။ ခင်ပျော်ရင် မောင် ကျေနပ်ပါပြီ
"မောင် တီးပြတော့လေ သီချင်းလည်း ဆိုပြရမယ်နော်"
"ဟုတ် ခင်သေချာ နားထောင်နော်"
ညလေလေး တွေ တဖြူးဖြူးတိုက်ခတ်နေချိန်မှာ လဝန်းကြီးကလည်း ဒီနေ့မှ ပိုလှနေသလို
အိမ်နေရင်း ပိုးဝမ်းဆက်ကို ဝတ်ထားပြီး ဆံပင်ကို ကပိုကယို ထုံးထားတာတောင် လရောင်အောက်မှာ လှပနေပြန်ပြီ။ခင်ဟာ အလှနတ်သမီးလေးပါ။မောင်လည်း ခင့်ကို ကြည့်နေသလို ခင်လည်း မောင့်ကိုကြည့်နေသည်။မောင်လည်း ဂစ်တာတီးပြီး သီချင်းစဆိုတော့သည်။
🎤🎤🎼
ခုနှစ်ဆောင်ခန်းဘုံအလယ်
နေခြည်နန်းရင်ပြင်မှာ
ရွှေရောင်အဆင်းလှပခြင်းနှင့် ထိပ်ထားကလျာ
မြင်သူမူးမိုက်တွေဝေ
ရင်ဆူသည်းလှိုက်ဖိုချိန်
ခြေတော်ဖဝါးလှမ်းခဲ့ပေါ့
ဥယျာဉ်ပန်းခင်းအလယ်မှာ
မဖြေသာတဲ့ ဝေဒနာ မကြေငြာဘဲရင်မှာ
မတန်တဲ့ပန်းလေးတစ်ပွင့်
စွဲလမ်းရင်းခံစားနေရှာ
အဖြေသာလွမ်းငွေ့ဝေဝေ ကေသာဦးထိပ်ပန်ရင်
ခြွေသူခူးသွားတော့ ဥယျာဉ်မှုး ကို့ ဘဝပါလေ
'ခင်ဟာ မောင့်ကို အကြည့်မလွှဲသလို မောင်လည်း ခင့်ကို အကြည့်မလွှဲပေ။ပါးစပ်ကဖွင့်မပြောပေမဲ့ ခင် မောင့်ကို ချစ်တယ်ဆိုတာ ခင့်မျက်ဝန်းတွေက တစ်ဆင့် မောင်သိပါတယ် ခင်ရယ်။'
နေအပြုံး ညမျက်နှာ လမင်း အသိပါ
ရင်ခွင်ညိုးနွမ်းလို့ အနေခက်ပြီ
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Kurgu Olmayanအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။