Part 12

5.2K 361 16
                                    

Unicode

ရဲမြတ်ထွဋ်ခေါင် ခြံထဲ၀င်လာခဲ့တော့ ကိုထွန်းက အနောက်ကနေ ပြေးလိုက်လာ၏။

"ဘာ .. ဘာဖြစ်သွားသေးလဲ ကိုရဲ"

"ဘာမှ မဖြစ်ဘူး၊ ကားသွားသိမ်းလိုက်"

"ဟုတ်ကဲ့ ..."

"နေဦး ... မင်းထက်တို့ကိုပြောလိုက်၊ စောစောက နှစ်ကောင်နောက်ကို တစ်ယောက်လိုက်ကြည့်လို့၊ ဘယ်ကလဲ စုံစမ်းခိုင်းလိုက်၊ ဘာပြဿနာမှ မဖြစ်စေနဲ့လို့ မှာလိုက်"

"ဟုတ်ကဲ့ .... အခုသွားပြောလိုက်ပါ့မယ်"

အိမ်ထဲ လှမ်း၀င်ခဲ့ပြီး ဧည့်ခန်းမှာပဲ ၀င်ထိုင်လိုက်သည်။ စိတ်ထဲမှာတော့ ရှုပ်ထွေးနောက်ကျိနေ၏။ အပြင်က ပြန်ရောက်ရောက်ချင်း အာရုံနောက်စရာကြုံရတာလောက် ဒေါသဖြစ်ရတာမရှိ။ ဘယ်လိုစောက်ရူးမျိုးက ဒီအိမ်ရှေ့အထိလာပြီး *ဦးထွဋ်ခေါင်ရဲ့သား* လို့ သူ့ကိုယ်သူ ပြောရဲရတာလဲ။

အမှန်တိုင်းပြောရလျှင် ရဲမြတ်ထွဋ်ခေါင်ကိုယ်တိုင်လည်း ဇဝေဇဝါတော့ ဖြစ်မိသည်။ ရူးနေတာမဟုတ်ရင် တော်ရုံလူကတော့ ဒီအိမ်ရှေ့ထိလာပြီး အဲ့ဒီလိုစကားမျိုး လာပြောရဲမှာ မဟုတ်ပါ။ တကယ်ကိုပဲ ဒီကောင်ဟာ ဖေဖေနဲ့ပတ်သတ်နေမလား ဆိုတာ မသေချာသေး။ ဖေဖေ့မှာလည်း မိသားစုကမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိချင်ရှိနေနိုင်သည်။

ဒီကိစ္စကို မေမေသိရင် သူတို့မိသားစုအတွက် ပြဿနာအကြီးကြီးတစ်ခု ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး မဟုတ်လား။ ဒါကြောင့်ပဲ ‌ဟိုကောင့်ကို ဘာမှမလုပ်ဘဲ ပြန်လွှတ်လိုက်တာ ဖြစ်သည်။ ဒီကောင် ဘယ်က‌လဲ၊ ဘယ်သူလဲ ဆိုတာ စုံစမ်းဖို့ သိပ်တော့ ခက်ခဲသည် မဟုတ်ပါ။ မနက်ဖြန်မနက်လောက်ဆို ဒီကောင့်အကြောင်းတွေ ရဲမြတ်ထွဋ်ခေါင် အားလုံး သိရလိမ့်မည်။

ဧည့်ခန်းမှာ ထည်ဝါစွာ တည်ရှိနေသော ဖေဖေနဲ့မေမေရဲ့ မင်္ဂလာဓာတ်ပုံကြီးအား ငေးကြည့်ကာ၊ သက်ပြင်းတစ်ချက်ရှိုက်ရင်း အပေါ်ထပ်သို့ တက်လာခဲ့လိုက်တော့သည်။

.............

"ဒီကောင့်ပုံစံက အလုပ်ရောလုပ်နိုင်ပါ့မလားကွာ"

Magic Hides My ManWhere stories live. Discover now