"make a wish,my love"
ပြတင်းပေါက်ကနေ ဖြာကျနေတဲ့လရောင်ဖျော့ဖျော့အောက်မှာ Jakeရဲ့အသံချိုချိုက ထွက်ပေါ်လာတယ်။အခန်းတစ်ခန်းလုံးကို မီးပိတ်အမှောင်ချထားတာကြောင့် Jakeရဲ့ပုံပန်းသွင်ပြင်က ခပ်ရေးရေး။ဒါပေမယ့် အဲဒီပုံရိပ်ကပဲ Jayကိုအဆမတန်ရင်ခုန်နေစေတာ။
"ကျွန်တော် ဆုတောင်းတွေကိုမယုံတာ သိရဲ့သားနဲ့"
Jayရဲ့အသံက တကယ်ကိုတိုးတိုးလေးမှတိုးတိုးလေး။
အခန်းတစ်ခန်းထဲမှာ Jakeနဲ့နှစ်ယောက်တည်းရှိနေရတဲ့အပေါ်မှာရှက်နေသလိုမျိုး။
တကယ်ဆို ဒါကပထမဆုံးအကြိမ်မှမဟုတ်တော့တာကို။
November ရဲ့သန်းခေါင်မတိုင်ခင်အချိန်မှာတိုက်တဲ့လေနုအေးအေးလေးတွေက အခန်းထဲကို အတားအဆီးမရှိ ဝင်ထွက်နေတယ်။"ဒီလိုအချိန်က နောက်နှစ်မှထပ်ကြုံရတော့မှာ Jayရဲ့
11လပိုင်း 11ရက်နေ့ရဲ့ 11နာရီ 11မိနစ်မှာ ဆုတောင်းကြည့်လိုက်စမ်းပါ
ဘယ်သူပြောနိုင်မလဲ ဆုတောင်းပြည့်ရင်လည်းပြည့်နိုင်တာပဲ"ပြတင်းဘောင်ပေါ်မှာထိုင်နေတဲ့Jakeက စိတ်အားထက်သန်စွာ ပြောနေပေမယ့် Jayကတော့ အိမ်အပေါ်ထပ်မှာ အိပ်နေမယ့်မေမေနိုးသွားမှာကိုပဲ စိုးရိမ်နေရပါ၏။
"Jakeက ကလေးဆန်တဲ့အရာတွေကိုလည်း ယုံတာပဲနော်
ဘယ်လိုမှမဖြစ်နိုင်တာ အသိသာကြီးကို"Jay ခေါင်းတခါခါလုပ်နေပုံကိုကြည့်ရင်း Jakeကအသံထွက်အောင်ကိုရယ်တယ်။
"တိုးတိုးနေလို့.."
Jayသည်းမခံနိုင်စွာ Jakeရဲ့ပါးစပ်အပေါ်ကို လက်နဲ့အုပ်ဖုံးဖို့ကြံရွယ်တော့ Jakeကကြိုသိထားတဲ့အတိုင်း Jayလက်ကိုလှမ်းတားတယ်။
"ဟုတ်ပြီ ဟုတ်ပြီ
ကိုယ်အသံမထွက်တော့ဘူး..ဟုတ်ပြီနော်"Jakeက Jayရဲ့မျက်လုံးတွေကို သေချာကြည့်ရင်းပြောတယ်။
အမှောင်ထဲမှာ တဖြည်းဖြည်းကျင့်သားရလာတဲ့အတွက် Jayမျက်လုံးတွေက ကောင်းကင်ပေါ်ကကြယ်လေးတွေလို တဖျတ်ဖျတ်နဲ့။
အဲဒါကိုပဲ Jakeက သဘောကျတာထင်ပါရဲ့။"လာပါဦး.ကိုယ့်ဆီကို
ခရီးကပြန်ရောက်လာပြီးကတည်းက Jayကိုကောင်းကောင်းမဖက်ရသေးဘူး"