Ch 34

1.7K 140 0
                                    

Ch 34

ပြီးတော့ ရဲ့ရှောင်ယွီက သူမကို "အနုပညာအဖွဲ့ အကြောင်း မနေ့က အစ်ကို့အမေက Feng မြို့က အနုပညာအဖွဲ့ ခေါင်းဆောင်းကို ဆက်သွယ်ခဲ့ပြီး မိန်းကလေး 6 ယောက်ကို ဖျော်ဖြေဖို့ လွှဲပေးလို့ရတယ် ပြောတယ်။ တစ်ယောက်ချင်းစီကို ယွမ် 20 နဲ့ အစားအသောက်ပါ ပါတယ်။"

ကျန်းဟွေ့က ဝမ်းသာအားရပြုံးပြီး "‌ဒါက အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ သူမတို့ရဲ့ ပုံပန်းသဏ္ဍာန်အတွက် အရမ်းနည်းနေတယ် မဟုတ်လား။"

ရဲ့ရှောင်ယွီက "သူမတို့ယူနစ်ရဲ့ ဈေးက ဒီဈေးဘဲ။" ဟု ပြန်ဖြေသည်။

ကျန်းဟွေ့က လက်ရှိဈေးနှုန်းများကို တွေးကြည့်လျှင် မြို့တော်ယဉ်ကျေးမှုအဖွဲ့က ယူနစ်တစ်ခု ဖြစ်ပြီး ဈေးနှုန်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပြီး ပုဂ္ဂလိက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုလို ဈေးနှုန်းကြီးကြီးမားမားဖြင့် ကောက်ခံရန် မဖြစ်နိုင်ပေ။

ကျန်းဟွေ့က စင်ပေါ်မှာ ပေါ်လာမဲ့ ညီအစ်မတွေကို ဆိုးဆိုးရွားရွား ဆက်ဆံတာမျိုး မဖြစ်သင့်ဘူးလို့ ထင်တဲ့အတွက် သူမက ရဲ့ရှောင်ယွီကို "သူမတို့ ကောင်းကောင်း လုပ်မယ်ဆိုရင် ညီမတို့ သူမတို့ကို ဟုန်ပေါင်း ပေးမယ်။"

"ကောင်းပြီ။"

ရဲ့ရှောင်ယွီက "မနက်ဖြန်ကစလို့ အစ်ကို ဆက်သွယ်ထားတဲ့ သတင်းစာရုံးက နောက်အပတ်တွေမှာ အစ်ကို့တို့ရဲ့ Electric City နဲ့ Fashion City အတွက် ကြော်ငြာတွေ တစ်မျက်နှာလုံး ရှိနေမှာဆိုတော့ အစ်ကိုလည်း ငွေ‌ပေးပြီးသားပါ။"

"ဒါဆို အချိန်ကျရင် ငွေရှင်းဖို့ စာရင်းကိုင်ကို မေးလို့ရတယ်။"

ကျန်းဟွေ့က တွေးလိုက်သည်။ 'ဒီအစိုးရဌာနတွေနဲ့ ယူနစ်တွေကို ကိုင်တွယ်ဖို့ ရဲ့ရှောင်ယွီကို ပေးလိုက်တာ အမှန်ဘဲ။'

'သူ့မှာ အဆက်အသွယ်ရှိတယ်။ ပါးစပ်လှုပ်လိုက်ရုံနဲ့ လူတွေကို ရှာပြီးသွားပြီ။'

'ဒီလိုအရာတွေက သူမတို့လို သာမာန်လူတွေဆိုရင် အောင်မြင်ဖို့ ဘယ်နှစ်ခါ ပြေးလိုက်ရမယ်ဆိုတာ မသိသလို ထွက်ပြေးရင်တောင် မအောင်မြင်နိုင်တဲ့ အရာတွေရှိတယ်။'

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now