"ဘာ!!"
တိတ်ဆိတ်နေသည့်ဆေးရုံကြီးအတွင်း Gun taphon ၏အော်သံဟာဟိန်းခနဲထွက်လို့လာ၏။
ရုတ်တရက်ကြားလိုက်ရတဲ့သတင်းကြောင့် သူ့မှာခြေမကိုင်မိ လက်မကိုင်မိဖြစ်ရခြေသည်...ဆေးရုံကိုသိကြပြီဆိုတော့ ဆေးရုံတွေရွေ့လို့ကလည်းမဖြစ်သေးပေ... Jirochtikul မိသားစုဘယ်လောက်ထိဩဇာကြီးမှန်း လုပ်ငန်းခွင်တွေဦးဆောင်နေတဲ့သူကိုယ်တိုင်ကသာအသိဆုံးပါ....
"ညီ..ငါ့ညီ!!"
အောက်ထပ်ကိုဆင်းလာရာမှ လမ်းကြောင်းပြောင်းကာ နောက်ပြန်လှည့်လိုက်ရတဲ့သူ့မှာ စိတ်တွေလည်းဂယောင်ချောက်ခြားနဲ့ ရူးမတတ်ရယ်ပါ...
"Fourth.!!"
အခန်းတံခါးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရတဲ့မြင်ကွင်းအချို့က သူ့ကိုတွေးစရာအတွေးတစ်ချို့ပိုလို့လာစေတာပါဘဲ။
"သိသွားကြပြီး P'Gun ကျတော်တို့ဒီကနေထွက်ရမယ်ဆိုတာသိတယ်မဟုတ်လား.."
ပစ္စည်းတွေကိုအလျင်အမြန်သိမ်းဆည်းနေတဲ့ Phuwin ဟာအလုပ်လည်းလုပ်ရင်း စကားလည်းပြောရင်းနဲ့ရယ်ပါ။
"အင်း သိတယ် ဒါပေမဲ့ ဘယ်ကို..."
"ငါ့အိမ်ကို"
စကားမဆုံးခင်ဖြတ်ဝင်လာတဲ့ Pondစကားကြောင့်အနည်းငယ်စိတ်သက်သာရသည်မှာ အမှန်တကယ်သာ...ကံတရားကြီးကတော့ သူတို့ကိုပစ်မထားသေးဘူးဘဲ...
"P'Gunဟုတ်တယ်ဟုတ်"
ရုတ်တရက်သူ့အနားကိုရောက်လာတဲ့ညီငယ်ရဲ့ရည်းစားဆိုသူက ခေါ်လာ၏..
"ဟုတ်တယ်"
"ကျတော်တို့မသိပေမဲ့လည်း အောက်ကိုသွားပြီးစောင့်ကြည့်ပေးပါလားအကယ်၍လာရင်လည်း အချိန်ဆွဲထားပေးလို့ရမလား ကျတော် Fourth ကိုအနောက်ဘက်ကနေ ခေါ်ထုတ်သွားမှာမို့ပါ..အကူအညီတောင်းပါတယ်"
သူ့လက်ကိုဆုပ်ကိုင်ရင်း တောင်းဆိုလာတဲ့ဒီကောင်လေးဟာ သူ့ညီကိုဘယ်လောက်ထိဂရုစိုက်မှန်း ကြည့်လာတဲ့မျက်ဝန်းအိမ်တွေကတစ်ဆင့် သူဖတ်မိလိုက်သည်။
"အင်း"
ခပ်တိုတိုအဖြေတစ်ခုပေးရင်း အောက်ထပ်သို့ပြန်ပြေးဆင်းလာရပြန်၏...တစ်ယာက်ထဲတက်လိုက်ဆင်းလိုက် အရူးလိုမျိုးဖြစ်နေပေမဲ့လည်း ဘယ်သူမှမလှောင်ရဲ..မပြောရဲတာက ဒီဆေးရုံဟာ သူ့မူပိုင်ဖြစ်နေတာကြောင့်ပါဘဲ...