အခန်း ၃

167 16 1
                                    

UNICODE

ကျန်းယုမိုက အနာဂတ်ကို မြင်လိုက်ရတာနှင့်ပဲ နောက်လူတစ်ယောက် ဖြစ်မလာပေ။

သွမ့်ယဲ့နာမည်ကို ကြားချိန်မှာ ဂရုမစိုက်ချင်ယောင်ဆောင်တာတောင်မှ သူမရဲ့ မျက်ခုံးကြားထဲကနေ ရှက်စိတ်က လျှံထွက်လာသည်။

သူမဘေးမှ အရုပ်ကို ယူပြီး ယန်ချင်းဆီ ပစ်လိုက်ကာ သူမရဲ့ မျက်နှာဖြူလွှလွှက နီရဲသွားသည်။ "ပေါက်ကရတွေ ပြောမနေနဲ့"

ခဏလောက် ဆော့ပြီးနောက် အခန်းထဲမှာ အဲကွန်းဖွင့်ထားတာတောင်မှ သုံးယောက်သား ချွေးခပ်စို့စို့ထွက်နေသည်။ ယန်ချင်းက ဝတ္ထုထဲမှ ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏ ပြင်းပြသည့်အခန်းထဲ စိတ်နစ်နေတုန်းဖြစ်ကာ အသံတိုးတိုးလေးနှင့် ကျန်းယုမိုအား မေးလာသည်။ "နင် ငါတို့ သိချင်စိတ်လေးကို ဖြေဖျောက်ပေးနိုင်မလား? အစ်ကိုသွမ့်နဲ့ လက်ကိုင်ပြီးပြီလား?"

စွန်းမုန့်ထင်းက သူမကို ဆူပူချင်ယောင်ဆောင်လိုက်သည်။ "နင်က ငါတို့အစ်ကိုသွမ့်ကို အထင်သေးတာလား?"

ကျန်းယုမို "..."

လက်ကို်ငတာကတော့ သူတို့ တကယ်မကိုင်ရသေးပေမယ့် သွမ့်ယဲ့ သူရဲဘောကြောင်ဖြစ်အောင်မျိုးတော့ ထုတ်ပြောလို့ မဖြစ်ပေ။

ပွင့်ပွင့်လင်းလင်းပြောရရင် အထက်တန်းကျောင်းမတိုင်ခင်က သွမ့်ယဲ့နှင့် ဒိတ်ဖို့ အကြံနည်းနည်းလေးမှတောင် တကယ်မဖြစ်တာ။ ဒါပေါ့ သူမ ဒိတ်မလုပ်ရဲတာလည်းပါသည်။

အလယ်တန်းသုံးနှစ်မှာ သူမက သူမရဲ့ဦးလေး စောင့်ကြည့်နေသည့်အောက်မှာ နေခဲ့ရတာဖြစ်သည်။ ဖူးပွင့်စ ခံစားချက်တွေ ထားရှိရဲမယ်တဲ့လား? ဘယ်ထားရဲမလဲ? သွမ့်ယဲ့အပေါ် သူမရဲ့ အမြင်က အရမ်းမနက်ရှိုင်းပေ။ သူမ သိတာဆိုလို့ သူက အတန်းထဲမှာ စာနားမထောင်ဘဲ အိပ်ရတာ သဘောကျသည်။ အတန်းထဲမှာဆို သူ့ကို ဘယ်သူမှ ရန်မစရဲချေ။ အတန်းပြီးရင် သူက နေရာတိုင်းမှာ ပြဿနာရှသည်။ သို့ပေမယ့် အတန်းထဲမှာ သူအိပ်နေလို့ကတော့ သူ့နားတစ်ဝိုက်က ကျောင်းသားတွေအကုန် ခြေဖျားလေးထောက်ပြီး သတိထားသွားကြရသည်။

နှလုံးသားထဲက အချစ်ဦးWhere stories live. Discover now