နောက်ထပ်ကမ္ဘာတစ်ခုကို ကူးပြောင်းလာတဲ့အချိန်မှာ William ဟာ သူ့ခြေထောက်တွေ ထုံကျဉ်နေသည်ကို ခံစားလိုက်ရသည်။ ပတ်ပတ်လည်ကို စူးစမ်းကြည့်မိတော့ သူရောက်နေသည့်နေရာက အခန်းတစ်ခုနှင့်လည်း မတူနေပါ။ ခုနလေးတင် သူ misaki က လူအိုကြီးတစ်စုအား ဆူပူနေသည်ကို နားထောင်နေဆဲဖြစ်သော်လည်း အခုမှာတော့ သူသည်လည်း ထိုစောင့်ရှောက်သူတွေနည်းတူ အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သလင်းဖန်လုံးမှ အလင်းရောင်သာရှိသော အလုံပိတ်ထားသည့်နေရာတစ်ခုတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။
00 ကတော့ လေထဲတွင် မျောလွင့်လျက် ဒီကမ္ဘာအကြောင်း ပြောပြဖို့ အသင့်ဖြစ်လို့နေသည်။
"နေဦး၊ misaki ကိုအရင်ရှာ။" William မှာ သူ့အသံက ဒီလောက်အထိ ညင်သာပြီး နားဝင်ချိုနေလိမ့်မည်မထင်တာကြောင့် အံ့ဩသွားရသည်။ အေးချမ်းစေသည့် ခံစားချက်မျိုးလည်း ပေးစွမ်းသည်။
လက်ရှိမှာတော့ misaki ကို အရင်ရှာတွေ့ဖို့က ပိုအရေးကြီးတာကြောင့် သူ့အသွင်အပြင်အကြောင်းကို လစ်လျူရှုလိုက်သည်။ နတ်ဘုရား၏ကျိန်စာက misaki ကို အနိုင်ကျင့်မှာမျိုး လက်မခံနိုင်ပေ။ သူ ဒီကမ္ဘာကို ရောက်လာရခြင်းမှာ misaki ကို ရှာဖွေပြီး ကယ်တင်ရန်ဖြစ်သည်။
နတ်ပြည်တက်လှမ်းနိုင်ဖို့ ကျင့်ကြံကြသည့်လောကတွင် misaki က လမ်းမှားရွေးသူဖြစ်ခဲ့သည်။ ဒီကမ္ဘာ၏အဓိကဇာတ်လိုက်မမှာ misaki နှင့် အမွှာညီအစ်မဖြစ်ပြီး လှပပြီး ဂုဏ်သတင်းကျော်စောသည်။ အမွှာအစ်မက အလုံးစုံ ပြည့်စုံပြီး ဂိုဏ်း၏ရတနာလေးဖြစ်နေချိန်တွင် misaki ကတော့ ကျင့်ကြံလို့မရသည့် ခန္ဓာကိုယ်ဖြစ်နေခဲ့သည်။ သူမ၏ သွေးကြောတွေက ပိတ်ဆို့နေပြီး ဉာဏ်ကလည်းသိပ်မထက်သည်မို့ ဆင်တူနေသည့် မျက်နှာလှလှလေးကလွဲလျှင် ဘာမှမရှိသူဖြစ်သည်။ အမွှာဆိုသော်ငြား တစ်ယောက်က နတ်မိမယ်လေးပေမယ့် နောက်တစ်ယောက်ကတော့ သူမကို တမင်ဆွဲချသလိုဖြစ်နေသည်။
သူတော်စင်ဂိုဏ်းထဲမှ လူတွေအကုန်လုံးက misaki အပေါ် အမြင်မကြည်ကြပေ။ တူညီသည့်ပုံပန်းသွင်ပြင်သာရှိပြီး အရည်အချင်းကမိုးနှင့်မြေလိုကွာနေသောအခါ သူတို့၏အမြင်တွင် misaki က ဂိုဏ်းတူညီမအငယ်ဆုံးလေးကို လိုက်တုပပြီး အမြင့်လှမ်းချင်သူဖြစ်သွားရသည်။ ဟုတ်သည်။ ထိုဝတ်ရုံအဖြူဝတ်သည့် စင်ကြယ်သည့်ဂိုဏ်းမှလူတွေက misaki ကို သူတို့၏ဂိုဏ်းသားဟု မခံယူထားခဲ့ပေ။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.