ရှင်းမ်ဂျယ်ယွန်းရဲ့ တစ်နေ့တာက သူ့လိုဘဲ ရိုးရိုးရှင်းရှင်းလေး။ ဘာအထွေးအထူးမှ မပါတဲ့ သာမာန်ဘဝနေထိုင်မှုပုံစံပေါ့။ တစ်ခါတစ်ရံ ဝမ်းနည်းစရာတွေကြုံရတယ်။ တစ်ခါတစ်လေကျ မှိိုင်တွေငေးငိုင်နေမိရော။ အင်း...တစ်ချို့အချိန်မျိုးတွေမှာတော့ ပတ်ဝန်းကျင်ကို အမှတ်မထင်ငေးမောရင်း အတွေးနယ်ချဲ့တတ်သေးတာ။
အမြဲတမ်း စည်းကမ်းတကျနဲ့ သန့်သန့်ရှင်းရှင်းနေတတ်လို့ သူနေတဲ့တိုက်ခန်းလေးကို အထူးတလည်ကြီး ရှင်းလင်းနေရတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် တော်တော်ကြီးကို အားနေပီး၊ ပျင်းရမှာတောင် ပျင်းသွားတဲ့အချိန်တွေဆိုရင်ကျ ဘာမှ ရှုပ်ပွမနေတဲ့အခန်းလေးကို သန့်ရှင်းရေး ထလုပ်တတ်လေရဲ့။ အွန်း..... သူ့စိတ်တိုင်းကျ ဘဝလေးမှာ နေထိုင်နိုင်လို့ အချိန်အများစုမှာတော့ သူက ပျော်ရွှင်အေးချမ်းနေရတယ်။
ဝါသနာပါတဲ့ အရာတွေကို လုပ်ရင်း.....
တစ်ဖက်မှာလည်း သူနှစ်သက်တဲ့ အလုပ်ထဲမှာ စိတ်ရောကိုယ်ပါနှစ်မြုပ်ရင်းနဲ့ပေါ့။ရှင်းမ်ဂျယ်ယွန်းရဲ့ တိုက်ခန်းလေးက
အမ်စတာဒမ်ရဲ့ ငြိမ်သက်တိတ်ဆိတ်တဲ့ ဝန်းကျင်လေးမှာဖြစ်တယ်။ တစ်ကယ်တော့ လူနေစည်ကားလှတဲ့ အထင်ကရနေရာတွေကလွှဲလို့ ဒီမြို့လေးရဲ့နေရာတော်တော်များများက ငြိမ်းချမ်းနေပီးသား ဆိုပေမယ့်ပေါ့။ သူနေတဲ့နေရာလေးကတော့ ပိုပီးအေးချမ်းပါတယ်။ တိုက်ခန်းပြတင်းပေါက်ကနေ တူးမြောင်းလေးထဲမှာ မော်တော်ဘုတ်လေးတွေနဲ့ သွားလာနေကြတဲ့ ခရီးသွားတွေကို လှမ်းတွေ့နိုင်တယ်။ ပီးရင်တော့ တူးမြောင်းဘေးတစ်လျှောက်မှာ တန်းစီစိုက်ထားတဲ့
မေပယ်လ်တွေကိုလည်း တဝကြီး ငေးမောနိုင်သေးတယ်မဟုတ်လား။သေချာတာပေါ့။ ရာသီအလိုက် အရောင်ပြောင်းသွားကြတဲ့ မေပယ်တွေရဲ့အလှကို သူ့ရဲ့ ကင်မရာလေးထဲမှာ တစ်ခုတ်တရ မှတ်တမ်းတင်ထားဖို့လည်း မမေ့ပါဘူး။
ကံကောင်းလှတဲ့ ရှင်းမ်ဂျယ်ယွန်းလေး သူ့အဖို့ ဒီနှစ်ရဲ့ နောက်ဆုံး အနီရင့်ရောင်မေပယ်လ်တွေကိုပါ မှတ်တမ်းတင်နိုင်သွားပီ။ပြတင်ဘောင်လေးကိုမှီရင်း လက်ကျန်ကော်ဖီတစ်ငုံကို မော့သော့လိုက်ပီးတဲ့နောက် ဂျယ်ယွန်းရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေက အထက်ကို ကွေးတက်သွားကြလေရဲ့။ အေးမြတဲ့နှင်းမှုန်လေးတွေကြားက အမ်စတာဒမ်က သိပ်လှတာဘဲ။ နေရောင်ခြည်လေး အနည်းငယ်ဖျာထွက်လာစပြုနေပီမို့ တစ်ဖြည်းဖြည်းပါးကာပျောက်ကွယ်စပြုနေပြီဖြစ်တဲ့ နှင်းမှုန်လေးတွေထဲက နှင့်ပွင့်လေးတစ်ပွင့်ဟာ သူ့နှာတံလေးပေါ် တင်လာတယ်။