Huu

2 0 0
                                    

အခု ကိုယ် seminar မှာပေါ့။ Etics, integraty and academic writing seminar မှာ။

Professor က တကယ်တော်တယ်။
စကားပြောလဲ မြန်တယ်။
ရိုမေးနီးယားလိုလေ။
နားမလည်တော့ ရူးတော့မလိုဘဲ။
အတွေးတွေက များလာတယ်။
လုပ်ရမယ့် school work တွေ ပေါ်လာတယ်။ 

မနေ့က officially registered ဖြစ်ပြီထင်ထားတာ။
အခုထိ မဖြစ်သေးဘူး။
Study contract မှာ sign မထိုးရသေးလို့လေ။
website ထဲ ၀င်လိုက်တော့ error ဖြစ်နေရော။

🤎Study contract မှာ sign ထိုးပြီးသွားပြီ။
COOC class ကနေလဲ resilience အကြောင်း လေ့လာလိုက်ရတယ်။
ကိုယ့်လို ကျောင်းသူမျိုးအတွက် တော်တော် အထောက်အကူဖြစ်တယ်။
Professor က အသက်ငယ်ပေမယ့် သူ့ presentation slide က ခေတ်မှီတယ်၊ အရောင်နဲ့ သင်ခန်းစာကလဲ ကိုက်ညီတယ်၊ group work activities တွေကလဲ စိတ်၀င်စားဖို့ ကောင်းတယ်။

စိတ်ဖိစီးမှုအကြီးကြီးတစ်ခု လျော့သွားပြီ။
အစက ပျင်းပြီး အချိန်ဆွဲနေတာနဲ့ ဒီ process တွေ မလုပ်ဖြစ်ဘူးလေ။

အခုဆို resident permit card အသစ်လျှောက်ဖို့ document တွေ တဖြည်းဖြည်း စုံလာတော့မယ်။

My MemoriesWhere stories live. Discover now