အဖြူရောင်တွေကိုကြိုက်လား..?
ဟင့်အင်း ကျွန်တော်တော့မကြိုက်ဘူး။
အပေမခံဘဲစွန်းထင်းလွယ်တဲ့
အရောင်ကြီးကနှစ်သက်ဖွယ်မကောင်းဘူး။
အဲ့ဒီအစား အမည်းရောင်တွေဆိုရင်တစ်မျိုးပေါ့။ဒါပေမယ့် အဖြူရောင်တွေနဲ့ပဲ
ခြယ်လှယ်ခံထားရတဲ့အခါဖြစ်လာတဲ့
စိတ်ကျဥ်းကျပ်မှုကိုသိလား...
တစ်ကယ်မွန်းမွန်းကျပ်ကျပ်ပဲ။ဘယ်နေရာကိုကြည့်ကြည့်
ဗလာနတ္ထိဖြစ်နေတဲ့အဖြူရောင်တွေ။
စိတ္တဇဆေးရုံဆန်ဆန် အခန်းတွင်းရှိ
ပရိဘောဂအလုံးစုံကပါ အဖြူရောင်တွေ။
ဒါတင်မက လူတစ်ကိုယ်လုံးကိုပါ
အဖြူရောင်တွေနဲ့ပဲတင်စားထားကြတယ်။ဖြူဖွေးတဲ့အသားအရည်ကိုမြင်တာနဲ့
ဘာလို့ပိုးဟပ်ဖြူတွေ ၊ နွားနို့တွေ ၊
စာရွက်ဖြူတွေနဲ့တင်စားကြသလဲနားမလည်နိုင်။
ဒီလိုပဲ ကိုယ်ကျင့်တရားကိုဖော်ပြရင်တောင်
ဖြူစင်လိုက်တာလို့ပဲသုံးတတ်ကြသည်လေ..။
တစ်ကယ်ပဲဘာမှမရှိတဲ့ အဖြူရောင်တွေကို
ဘာလို့များ ဖောဖောသီးသီး သုံးတတ်ကြသည်တုန်း..။တစ်ကယ်ကိုမကြိုက်တာ။
အဖြူရောင်အိမ်တော်ကြီးထဲက
အမေ့စိတ်တိုင်းကျပြင်ဆင်ထားတဲ့
အဖြူရောင်အသုံးအဆောင်တွေအကုန်..။မျက်နှာကြတ်ဖြူဖြူ
အဖြူရောင်ပိုးသားလိုက်ကာစ
အဖြူရောင်ဆေးသုတ်ထားတဲ့နံရံတွေ
ဖြူစွတ်စွတ်ကြည်လင်နေတဲ့ကြွေပြားတွေ
အဖြူရောင် အိပ်ရာခင်း ၊ အဝတ်ဗီရိုတွေ
ဒါတွေအကုန်လုံးနဲ့ပြည့်နေတဲ့အခန်းကိုသာ
မီးရောင်ဖြူဖြူကဖြာကျနေရင်လို့တွေးကြည့်မိဖူးလား။အတွေးနဲ့မဟုတ်ဘဲ လက်တွေ့သာဆို..
တစ်ကယ်ကိုခေါင်းကိုက်ချင်စရာကောင်းတယ်။
မျက်စိတွေကျိန်းမတတ်ဖြူနေတဲ့နေရာမှာ
နေရတာလောက်ဆိုးရွားတဲ့နေထိုင်မှုပုံစံကမရှိတော့ဘူး။
အဲ့ဒီအစားအမှောင်ပိတ်ထားတဲ့အခန်းဆိုရင်တောင်
မီးမှိန်မှိန်တစ်ခုရှိရုံနဲ့အေးချမ်းစေတယ်။အဖြူရောင်တွေက...
"ဂျယ်ယွန်းနီး ထ
မင်းညီကိုသွားကြိုမယ်"
YOU ARE READING
Those Brown Eyes [SUNJAKE]
FanfictionSim Jaeyun X Kim Sunoo •This story is pure and don't take it seriously•