part 8

1.4K 20 0
                                    

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော

အပိုင်း-၈

ဦးသက်တိုး ဒေါသတွေအလိပ်လိုက်နှင့် ဝုန်းဒိုင်းကြဲနေဆဲ၊

"တောက်....ဒီကောင်ငါ့ကိုစိန်ခေါ် လိုက်တာဘဲ"

"ဒါ....ဒါ ဦးမင်းလူခေါင်းမလား ဆရာ"

"အေးဟုတ်တယ် မင်းပထွေးပို့လိုက်တာ
အလုပ်ကိုသေချာလုပ်ပါပြောရက်နဲ့ စောက်သုံးမကျတဲ့ကောင်တွေ....အသုံးမကျတဲ့ကောင်....ဖျန်းးးဖျန်းးးးဖျန်းးး"

ပါးတွေဆင့်ရိုက်လိုက်တော့ ခေါင်းတွေငုံကာ ရပ်နေဆဲ...

"မင်းတို့ဘာလို့ရိုက်လဲ သိလား"

"သိပါတယ်ဆရာ"

"မင်းတို့စောက်သုံးမကျလို့ ဟိုကောင်ကငါ့မှန်းသိသွားပြီ၊
ဒီကောင် သတိပေးလိုက်တာ....မဟာစည်း...မဟာစည်း
မင်းငါ့လူတွေကို လုပ်သလို မင်းအလည့်လဲ လာဦးမှာပါ
တောက်...."

တက်တိုး သူ့လူတွေကို ခပ်စောင်းစောင်းကြည့်ကာ....
နူတ်ခမ်းတွေကိုမဲ့လိုက်ပြီ....

"မဟာစည်း အိမ်ကိုစောင့်ကြည့်ထား "

"ဟုတ်ကဲ့ဆရာ"

ဦးတက်တိုးစိတ်ထဲတော့အခဲမကျေနိုင်သေး၊
ကလဲ့စားချေချင်သေးသည်၊
စိတ်ထဲမှာတော့ကြုံးဝါးလျက်.....

💥💥💥-----💥💥💥

"ဒီနေ့ ဘုရားသွားချင်လို့ မေ မွေးနေ့မလို့၊
ပြီးတော့ မေအိမ်လည်းပြန်ချင်သေးတယ် လိုက်ပို့ပေးလို့ရမလား"

စည်း ကြယ်သီးတွေကိုမတွယ်ဘဲ ရပ်ပြစ်ကာ မေဘက်ကိုလည့်လျက်....

"ဦးကို ကြယ်သီးတပ်ပေးပါဦး"

မေ ခေါင်းလေးငုံလျက် ကြယ်သီးတွေကို အလိုက်သင့်လေး
တွယ်ပေးနေမိတော့ ... စည်းကြည့်ကာ...

"တစ်ခုတော့ ပြန်လုပ်ပေး လိုက်ပို့ပေးမယ်"

"ဟင်....တစ်ကယ်..."

"အင်း...."

မေ စည်းမျက်နှာကိုမော့ကြည့်ကာ ပြောမဲ့စကားကို
စောင့်နေမိသည် အတန်ကြာသည်အထိတိတ်ဆိတ်နေပြီး....

"ဦးလို့ခေါ် ပေး"

"ဟင်...."

"ဦးလို့ခေါ်ပေး ခလေးက ဦးထက် ၁၁နှစ်လောက်ကွာတယ်လေ ခေါ်ပေးနိုင်မလား "

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသောWhere stories live. Discover now