"Ricky ငါ ငါ..."
သူ့ရှေ့မှာ စကားပြောဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ကောင်မလေးကိုကြည့်ပြီး စုတ်သပ်မိတယ်
စကားပြောချင်တယ်ဆိုလို့ ခေါင်မိုးထပ်ထိလိုက်လာပေးတဲ့သူ့ကိုယ်သူတောင် ကျိန်ဆဲချင်လာပြီ
ရွှေဇွန်းကိုက်မွေးလာတဲ့သခင်လေး Ricky Shen ကတော်ရုံတန်ရုံစိတ်ရှည်တတ်တဲ့သူမျိုးမဟုတ်
ဒါလိုချင်ရင်ဒါချက်ချင်းရတဲ့သူ့အဘိဓာန်မှာစိတ်ရှည်သည်းခံတယ်ဆိုတာမရှိ
တစ်စုံတစ်ယောက်အတွက်ကလွဲရင်ပေါ့
"ပြောစရာရှိတယ်ဆိုမြန်မြန်ပြောနော် ငါ့မှာအချိန်တွေပိုနေတာမဟုတ်ဘူး မိန်းကလေးမို့လို့ဒီလောက်သည်းခံပေးနေတာ"
Ricky က ဘာလုပ်လုပ် တိတိကျကျပဲလုပ်တတ်တာ အချိန်ဆွဲတာတွေ ရစ်တာတွေမလိုချင်ဘူး
သူမိန်းကလေးတွေကိုမကြိုက်ရတဲ့အကြောင်းရင်းကဒါကြောင့်ပဲ
ဘာလုပ်လုပ်အချိန်တွေဆွဲပြီးအပိုတွေအရမ်းလုပ်ကြတာ"ဒါလေး လက်ခံပေးပါနော်.....ပြီးတော့ ငါနင်နဲ့သူငယ်ချင်းဖြစ်ချင်လို့ရမလားဟင် သူငယ်ချင်းလောက်ဆိုတော်ပါပြီ ဒီ့ထက်မပိုလည်းရပါတယ်"
သူမသူငယ်ချင်းကောင်မလေးကပြောတယ်
သူငယ်ချင်းဖြစ်အောင်အရင်လုပ်ပြီးမှ
အဆင့်တက်တာပိုကောင်းတယ်တဲ့ပန်းရောင်လွင်လွင်လေးတောက်နေတဲ့ ဘူးလေးကိုသူ့ဆီထိုးပေးလာတဲ့ကောင်မလေးကြောင့်ကိုယ်ကိုနောက်ကိုယို့လိုက်မိတယ်
Rickyက သူ့အတွက်သီးသန့်မှကြိုက်တာ
ဒီဘူးက ကျောင်းထိပ်ကဆိုင်မှာရောင်းတဲ့ Strawberry cakeမှန်းကြည့်လိုက်တာနဲ့သိပြီးသား
ဒါမျိုးတွေ တစ်နေ့ကို ဘူး၂၀လောက် သူ့ခုံပေါ်မှာပုံနေတာ.....
နောက်ဆုံးအမှိုက်ပုံးထဲပဲ ရောက်ကုန်တာပဲ....Rickyက ချိုအီနေတဲ့ ဆိုင်က Strawberry cakeထက် သူ့အတွက်တစ်စုံတစ်ယောက်ကသီးသန့်ဖျော်ပေးတတ်တဲ့ Strawberry smoothieကိုသာ သောက်တတ်သူ~~~
"Sorry ငါ့မှာသူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိတာ သူကငါ့အတွက်သီးသန့်ဖြစ်တည်လာတာမို့လို့ သူကလွဲပြီး ဘယ်သူနဲ့မှပေါင်းမှာမဟုတ်ဘူး ပြီးတော့ မင်းရဲ့ခြေလှမ်းတွေကိုကြိုသိနေတဲ့အတွက်စိတ်မကောင်းဖြစ်မိပါတယ် ဟက်"