ပေကျင်းမြို့က နေရာတစ်ခုမှာတော့ ရိုက်ကွင်းတစ်ခုရှိနေသည်။ထိုရိုက်ကွင်းတွင် ပုံမှန်ထပ်စာရင် လူတွေအများကြီးရှိနေသည်။ကြည့်ရတာတော့ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ရိုက်ကွင်းပင်ဖြစ်လိမ့်မည်။မီးထိုးမှန်ထိုးမည့်သူများကလဲ သူ့နေရာနှင့်သူရှိနေကြသည်။ခဏအကြာမှာတော့ ဒါရိုက်တာက "အက်ရှင်" လို့အော်လိုက်သည်နှင့် ထိုသူတို့၏မြင်ကွင်းထဲကို ဆိုင်ကယ်နှင့်လူတစ်ယောက်က ရောက်ရှိလာခဲ့သည်။ထိုသူ၏ဆိုင်ကယ်စီးနေပုံများကို အသေးစိတ်ရိုက်ကူးနေလေသည်။
ထိုစဉ် ကြည့်ရှုနေသောပရိတ်သတ်ထဲမှ စကားသံများထွက်ပေါ်လာလေသည်။
"ကြည့်စမ်းပါဦးဟယ် မိုက်လိုက်တာ "
လို့ သူမဘေးက သူငယ်ချင်းဖြစ်ပုံရသူရဲ့ လက်မောင်းကို ရိုက်ကာ ပြောလိုက်သည်။ထိုအခါ ဘေးမှ တစ်ယောက်ကလဲ အားကျမခံပင် ပြန်ပြောလိုက်သည်။
"ဟုတ်ပ ငါ့ရည်းစားဖြစ်မယ့်ပုံနဲ့"
"ဘာပြောတယ် နင်နော် ငါ့ကောကို "
"နင်ကြတော့ရော ဘာထူးလဲ ဟွန့်"
တစ်ယောက်နဲ့တစ်ယောက်ရန်သာဖြစ်နေတာ မျက်လုံးအကြည့်တွေ့က ရိုက်ကွင်းအလယ်မှာရှိနေတဲ့ လူတစ်ယောက်။တစ်နည်းပြောရရင် ဆိုင်ကယ်ကိုကျွမ်းကျင်စွာ စီးနေတဲ့ ၀မ်ရိပေါ်ဆိုသောလူသားရဲ့အပေါ်မှာပေါ့။
အတန်ကြာတော့ ဒါရိုက်တာ၏ 'ကဒ်'ဆိုသော အသံနောက်မှာ ဆိုင်ကယ်စီးခြင်းကလဲ ရပ်တန့်သွားသည်။ဒါရိုက်တာမှ
"ပင်ပန်းသွားပြီ ရိပေါ်""ရပါတယ်"
၀မ်ရိပေါ်က ဒါရိုက်တာကိုပြောပြီး ရိုက်ကွင်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ကြည့်ပြီးနောက်မှာတော့ သူ့ရဲ့မျက်နှာက တစ်ခုခုကို အလိုမကျဖြစ်သွားသည်။ပြီးနောက်မှာတော့ သူ့ရဲ့နားနေတဲ့နေရာကို ပြန်သွားလိုက်သည်။ပြန်သွားပြီးနောက်မှာလဲ သူ့ရဲ့မန်နေဂျာဆီမှ ဖုန်းကို တောင်းလိုက်ပြီး တစ်နေရာကို ဖုန်းခေါ်လိုက်သည်။သို့သော်လည်း တစ်ဖက်မှ မကိုင်သည်မို့ သူရဲ့မျက်ခုံးအစုံတို့သည် အလိုမကျမှုကြောင့် တွန့်ချိုးသွားသည်။
ဒါကို မန်နေဂျာဖြစ်သူမှလဲ သိသည်ထင်။