so one last time
i need to be the one who takes you home ~
________________________
________________________မတည်နိုင်တဲ့ကတိတွေအထပ်ထပ်ပေးနေခဲ့လျှင် ပေးသောသူထက် လက်ခံသည့်သူကသာ ပိုပြီးတော့နာကျင်ရမည်ကိုလဲသိသည် ။
မဖြစ်နိုင်ဘူးဆိုသည်ကို သိခဲ့ပြီးသားပေမဲ့ ထိုအရာကို နေ့ရက်ပေါင်းများစွာ အချိန်ပေါင်းများစွာ စက္ကန့်ပေါင်းများစွာ စောင့်ဆိုင်းခြင်းဖြင့် မျှော်လင့်နေခဲ့သည့် ကျွန်တော်ဟာ မိုက်ရူးရဲဆန်သည့်လူတစ်ယောက် ။
လိုအပ်မှရောက်လာတတ်ပြီး တောင်းဆိုမှပေးတတ်သည့် နူးညံ့မှု အထိအတွေ့တွေမှာလည်းကောင်း တစ်ခဏတာမျှဆိုပေမဲ့လဲ အမြန်အဆန်ရင်ထဲသိမ်းဆည်း၍ အခါခါတွေးပြီးမြတ်နိုးရသည် ။
ကျွန်တော်သည် ထိုသူ့ထံ၌ အမြဲဒူးထောက်၍အခစားဝင်မည့်သူတစ်ဦးသာ ၊ ထိုသူ၏စကား တစ်ခွန်းကသာကျွန်တော့အတွက်အရာရာ ၊ ထိုသူသာသဘောရှိလျှင် အသက်ကိုပါပေးအပ်နိုင်သည်အထိ ထိုသူ့အားကျွန်တော်သည် ချစ်ရ၏ ။
ထိုသူသည် ကျွန်တော့အတွက်တော့ အလှအပဆုံးဝဋ်ကြွေးလေးတစ်ခုဖြစ်မည် ၊ ထိုဝဋ်ကြွေးလေးအားဘဝဆက်တိုင်းသယ်သွားချင်မိသည်အထိ ရူးမိုက်ပြစ်ချင်သည် ။
ကျွန်တော်သည် မျက်လုံးအောက်ကမှဲ့နက်ကလေးတွေ၏ ပိုင်ရှင်အား ရူးမတတ်ချစ်ရပါသည် ။
" အများကြီးချစ်ရပါတယ် မောင့်ရဲ့သခင်လေးရယ် "
__________________________
__________________________update ကြာနိုင်ပါတယ် ၊ တတ်နိုင်သလောက်တော့ မြန်မြန်လေး up ပေးနိုင်အောင်ကြိုးစားပါ့မယ် ။ 🙇🏻♀️