"ဉီးရေ..ဉီး"
ကျွန်တော်ကတောKim Junkyuပါ။အသက်က19။
Harutoဆိုတဲ့ဦးရဲ့ကလေးလေးပေါ့။
ဦးကkyuရဲ့မနက်ကတည်းကခုထိဆင်းမလာသေးဘူး။crush ကြီးလေ။
အခုလည်းမျက်နှာေလးမမြင်ရသေးလို့လာကြည့်တာ။အခုလည်းဦးအိမ်ရှေ့ရောက်နေတာ။"ဉီးရေ..kyuလာတယ်"ဆိုကာအိမ်ထဲ၀င်လိုက်တော့ဉီးရဲ့မေမေတီတီက
"အယ်kyuလေးသားဦးဆီလာတာလား""ဟုတ်..တီတီ..kyuဉီးဆီလာတာ...ဉီးရောဟင်"
ဆိုကာအပေါ်ထပ်ကိုကြည့်နေတဲ့kyuကိုမြင်တော့"kyuလေးရဲ့ဉီးကအပေါ်ထပ်ကသူ့အခန်းမှာရှိပါ့တော်..အခုထိဆင်းမလာသေးဘူး"
"ဟုတ်လား...အဲ့ဆိုဦးမနက်စာရောမစားရသေးဘူးပေါ့..အဲ့ဦးကဘယ်တော့မှထမင်းကိုသေချာအချိန်ကိုက်မစားဘူး...kyu တောင်စားပြီးပြီ"
ဆိုကာနှုတ်ခမ်းစူလိုက်တော့တီတီက"ဟုတ်တယ်kyuလေးရေ..kyuလေးရဲ့ဦးကိုဆုံးမပေးပါအုံး"
"ဟုတ်ကဲ့တီတီ..ခုkyuဦးဆီသွားလိုက်အုံးမယ်"
ဆိုကာအပေါ်ကိုပြေးတတ်သွားတော့နောက်ကတီတီရဲ့"ဖြေဖြေသွားအုံး"ဆိုတဲ့သတိပေးသံကိုကြားတစ်ချက်မကြားတစ်ချက်။
အဲ့လိုပါပဲkyuကဦးနဲ့ပတ်သတ်ရင်အရမ်းကိုပြာယာခက်တာ
အဲ့လိုပြာယာခက်ရတာလဲကိုယ့်crushကြီးရဲ့ရှေ့မှာမလို့ပါ။kyuအထက်တန်းစာမေးပွဲဖြေပြီးနောက်ဆုံးနေ့မှာဦးကိုဖွင့်ပြောလိုက်တာ
အဲ့ေပမဲ့ဦးက"စာသာသေချာလုပ်ပါတစ်နေ့ကိုယ့်ထက်သဘောကျတဲ့လူတွေမှာပါငယ်သေးလို့စိတ်ကစားတာပါ"တဲ့မဟုတ်ပါဘူးkyuမငယ်တော့ပါဘူးအဲ့တုန်းကkyu၁၇နှစ်ကျော်နေပြီလေနော်။ငယ်မှမငယ်တော့တာ။ဘာမှမဟုတ်ဘူးအဲ့ဦးကအဖြေမပေးချင်လို့ဘာညာကွီကွပလာတာေတွလျှောက်ပြောနေတာ
kyuကလည်းဘယ်ရမလဲဦးကအဲ့လိုပြောတော့"ကယူမငယ်ေတာ့ဘူး
စိတ်ကစားတာလဲမဟုတ်ဘူးkyuဒီနေ့ကစပြီးဦးကိုလိုက်ပြမယ်လို့ကျုံးဝါးပြီးဦးရှေ့ကနေတစ်ချိုးတည်းပြေးလာလိုက်တာအိမ်ထဲကကိုယ့်အခန်းကိုေရာက်မှရပ်ပြီးအိပ်ရာထဲလဲချလိုက်တယ်။ဦးဘယ်လိုနေလဲမသိ
ပြီးတော့ခုနကအိမ်ထဲကိုပြေးလာတော်မေမေတို့အော်မေးတာလဲမဖြေနိုင်။ကိုယ့်ဘာဖြစ်နေတာတုန်းကိုယ်ပဲသိတယ်။