အပိုင်း(၁၃၁) မုန်တိုင်း
တစ်ချိန်တည်း၌ အခြား တစ်ဖက်ရှိ အခြေအနေများမှာလည်း ရှုပ်ထွေးနေခဲ့လေသည်။
ပါ့ချန်း၏ မျက်လုံးများမှာ နက်မှောင်နေ၏။ အလွန် အစွမ်းထက်ပုံရသည့် နတ်ဘုရား ဧကရာဇ်မလေးသည် ဝူချန်းကို ကာကွယ်ထားသည်။ သူ၏ အသက်ကို နှုတ်ယူရန် လွယ်ကူတော့မည် မဟုတ်ချေ။ အကယ်၍ သူမ အနေဖြင့် ဝူချန်းကို သတ်ဖြတ်လိုပါက ထိုကောင်မလေးကို အရင်ဆုံး ကျော်ဖြတ်ရန် လိုအပ်သည်။
ဟူး... ဟူး...
နတ်ဘုရား ဧကရာဇ် နှစ်ပါးသည် မျက်နှာချင်းဆိုင် အနေအထားဖြင့် လေထဲသို့ မြင့်တက်လာကြ၏။ အပြာရောင်နှင့် ခရမ်းရောင် အလင်းတန်းများသည် အဆက်မပြတ် ပေါက်ကွဲ ထွက်ပေါ်နေသည်။ လေများသည် တဟုန်းဟုန်း တိုက်ခတ်နေ၏။ အကယ်၍ အကာအကွယ် ဝင်္ကပါများကြောင့်သာ မဟုတ်ပါက တော်ဝင်မြို့တော်ကြီး တစ်ခုလုံးမှာ လေလှိုင်းလုံးများ၏ ရိုက်ခတ်မှုအောက်တွင် ပြိုလဲ၍ပင် သွားနိုင်သည်။
အင်ပါယာ အစောင့်များသည် ဝူချန်းအား ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် ရှေ့သို့ တက်လာကြ၏။ သို့သော်လည်း သူတို့၏ အထက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ၏ အငွေ့အသက်သည် ကောင်းကင်ကြီး ကဲ့သို့ ကျယ်ပြောကာ ဓားတစ်စင်းကဲ့သို့ ထက်ရှ အစွမ်းထက်လှသည်။ ဓားတစ်စင်းကို ကိုင်ဆွဲရင်း ကျောင်းတော်သား တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော သူ၏ အသွင်အပြင်က ကောင်းကင်ဘုံနန်းမှ ဓားတန်ခိုးရှင်တစ်ပါး အလား...
ဖန်ရှန်း...
ကောင်းကင်ဓားဂိုဏ်းမှ ဘိုးဘေး အကြီးအကဲကား မုန်တိုင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့ပြီ ဖြစ်သည်။
မင်းသားကျန်းမှာ စိတ်များ ရှုပ်ထွေးနေ၏။ လွန်ဆွဲမှုများက သူ၏ နှလုံးသားအတွင်း ရုန်းကန်နေသည်။ သူသည် ဝူလဲ့ကို သေစေချင်သော်လည်း ထိုအရာက သူ၏ မျိုးနွယ်၊ သူ၏ ဖခမည်းတော်၊ သူတို့ ထီးနန်း ဖြစ်သည်။ အခြားလူများမှာ ထိုအရာကို ခြိမ်းခြောက်ရန် ကြိုးစားလာသည့် အပြင်လူများသာ ဖြစ်သည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Aventureအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...