part 1(my life)

4.9K 248 3
                                    

လူ သူ ​များပြားတဲ့ မြို့လယ်​​ခေါင်​လမ်းမထက်​မှာ soo တစ်​​ယောက်​တည်း အ​တွေး​ပေါင်းများစွာနဲ့ ​မျောလွင့်​လာခဲ့ တယ်​....၂၃ နှစ်​ ကို ခပ်​စွန်းစွန်း ​လေးပဲ ​ကျော်​​နေ​သေး​ပေမဲ့ လူ့ အသိုင်းအဝိုင်းမှာ soo က အပျို ကြီး စာရင်းဝင်​​နေပြီ​ပေါ့
Omma ကလည်း အားရင်​ ရည်းစားတစ်​​ယောက်​​တောင်​မရှိရ ​ကောင်းလားဆိုပြီး အမြဲနားပူ နားဆာ လုပ်​​နေ​လေရဲ့
Soo ကလည်း soo ပဲ​လေ ​ပြောချင်​စရာ အခုချိန်​ထိ ရည်းစား.ဆိုတာဘာမှန်းကို မသိတာ....
မချစ်​ဖူး ဘူးလားလို့​တော့ မ​မေးနဲ့ အသည်း​တွေကွဲတာ အကြိမ်​ကြိမ်​... k pop အဆို​တော်​​တွေကို စွဲလမ်းလိုက်​ ရတာ သူတို့​တွေများ ရည်းစားရတာတို့ date လုပ်​တာတို့ဆို ကို့ မိဘ​သေ သလို ကို ငိုတာ ချုံးပွဲချ...
အပြင်​မှာ လည်းမစွံတာ​တော့ မဟုတ်​​ပေါင်​ စွံလိုက်​တာများခါချယူရတယ်​....ခက်​တာ က အကြိုက်​ မဟုတ်​...ကိုယ်​​တွေ က အ​ချော အလှ အနုအရွ​တွေ ကို ပဲ ရင်​ခုန်​ပါတယ်​ ဆိုမှ လာလိုက်​တဲ့ဟာ​တွေက မှန်​​ကြောင်​ ရုပ်​တွ ဂျပု ဖက်​တီး တစ်​​နေကုန်​ထိုင်​ကြည့်​ ကျက်​သ​ရေ မရှိတဲ့ဟာ....
တိတ်​တဆိတ်​ crush မိတဲ့ king ​တွေကျပြန်​​တော့လည်း ကိုယ့်​ကို ရှိတယ်​လို့​တောင်​မထင်​... ဒီလို ဒီလို နဲ့ အခုထိ အချစ်​ ဆို တာ ကို ကဗျာ​တွေ စာ​တွေ ရုပ်​ရှင်​​တွေထဲမှာ ပဲ မြင်​ဖူးပြီး စိတ်​ကူးနဲ့သာပုံ​ဖော်​ကြည့်​​နေရတဲ့ ​ဂေါ်မစွံတဲ့ အပျို ကြီး ဖြစ်​​နေခဲ့ရတာ​ပေါ့
သူငယ်​ချင်း​တွေ ​မေးတိုင်း​ပြောတိုင်း " ကြိုက်​မဲ့သူမရှိလို့မဟုတ်​ဘူး အပူမရှာချင်​လို့ ​ဟေ့" ဆိုပြီး ဟန်​ကိုယ့်​ ဖို့ လုပ်​​နေရ​ပေမဲ့ ရင်​ထဲမှာ ​တော့ ကို ကြိုက်​တဲ့ လူနဲ့များဆို ချက်​ချင်း နှစ်​ပါးသွား ကလိုက်​ဖို့ က အသင့်​...

အားးးးးးးးး
Soo ရဲ့ ပုခုံးတစ်​ဖက်​နာကျင်​သွားတယ်​..... အ​တွေး​တွေနဲ့ ​လျှောက်​လာ​တော့ မမြင်​ပဲ ဝင်​တိုက်​မိတာ​လေ....တစ်​ဖက်​က အတိုက်​ခံရတဲ့သူက​တော့ ​မြေပြင်​မှာပုံရက်​သား....
အဲလဲ့.....​နောက်​​ကျောက ကြည့်​ပုံ အရဆို ​ကျော ပြင်​ ခပ်​ကျယ်​ ကျယ်​ ​ယောကျား ပီပီသသ အသား​ရေ ​ကောင်း​ကောင်းနဲ့...
"Soo တစ်​​ယောက်​ ​တော့ ဇာတ်​လမ်း ရပြီ...အိုရချည်​​သေးရဲ့ "ဆိုပြီး ရင်​ထဲ က ကြိတ်​​ပျော်​လိုက်​မိတယ်
သူ့ခမျာ အလူးအလဲ ထပြီး ​တောင်းပန်​ရှာ​လေရဲ့ ရုပ်​က​လေး က သန့်​လိုက်​တာ...ဥပဓိရုပ်​ ခပ်​​ကောင်း​ကောင်း ဟို ဟာမ​တွေ​ပြောသလို ဆိုရင်​ အဆင်​ ​လေး​ပေါ့ ​အေ

သူ က​တော့ " ​တောင်းပန်​ပါတယ်​...​ကျွန်​​တော့်​ က​လေး ​ကျောင်းကြို ချိန်​​ရောက်​​နေလို့ အ​လောတကြီး ဝင်​တိုက်​မိတာပါ sorry ​နော်​"

ကွဲပြန်​ပြီ​ပေါ့...အသည်း​ပြောပါတယ်​.. မိန်း မရှိရုံ မဟုတ်​ဘူး က​လေးပါရှိတယ်​တဲ့
်​ ဒီနိုင်​ငံမှာ လူပျို ခပ်​​ချော​ချော ​တွေရှိ​ရော ရှိ​သေး ရဲ့လား​နော်​...
သူများ​တွေများဝင်​တိုက်​ ဇာတ်​လမ်းဖြစ်​ ​သေ​လောက်​​အောင်​ချစ်​ လက်​ထပ်​ အိမ်​ ကလက်​မခံ ခိုး​ပြေး...အို...ကိုယ်​​တွေများဝင်​တိုက်​တာ​တောင်​ က​လေး အ​ဖေနဲ့ ....ဆိုးလိုက်​တဲ့ကံ...ပုခုံးနာတာပဲ အဖတ်​တင်​ ပ

တွေးရင်း​တွေးရင်း Soo အလုပ်​လုပ်​တဲ့ ဆန်​ပြုတ်​ ဆိုင်​​ရှေ့ ​ရောက်​ပြီဆို​တော့.....soo ရဲ့ အ​တွေး​တွေ တစ်​ခန်း ရပ်​ရတာ​ပေါ့
တစ်​​နေကုန်​​နေမှ လူ တစ်​​ယောက်​မလာတဲ့ဆိုင်​မှာ soo အချီန်​ ပိုင်းဝင်​လုပ်​​နေခဲ့တာလည်း soo မစွံရခြင်း ပြသနာပဲ ...ဆနုင်​မှ ​ပြေးကြည့်​မှ ဆိုင်​ရှင်​နဲ့ ကိုယ်​ နှစ်​​ယောက်​တည်း ဆိုင်​ရှင်​ ကို​ပြေး ​အောင်းမလားစဉ်းစားပါတယ်​ ... နှစ်​ထပ်​ကွမ်း နှစ်​ခုလတ်​ က​လေး ၃​ယောက်​ပါ အပို discount နဲ့ဆို​တော့ ကာ မဖြစ်​​သေး...

သင်​တန်း တက်တဲ့အချိန်​ အိမ်​​ထောင်​ဘက်​ရှာမယ်​ဆို​တော့ကား တတ်​တဲ့သင်​တန်း က ရိုးရာ​စောင်းတီး နည်းသင်​တန်း လာသမျှအကုန်​ ဘိုး​တော်​ဘုရား​လေးဘက်​​ထောက်​​ခေတ်​က design ​တွေချည်း..ရင်​ခုန်​ချင်​စရာကမ​ကောင်း...

သြ....ရတာက မလို....လို တာက မရ.....ဒီ​နေ့ အိမ်​ပြန်​​ရောက်​ရင်​လည်း omma က ပုံမလာပန်းမလာ ပိုက်​ဆံရှိတယ်​ဆိုရုံ ဟာတွေနဲ့ date ခိုင်းဦးမယ်​....
Omma တို့က​တော့ ​ယောက်​ကျားမြင်​ရင်​ ကြိုက်​လိုက်​ပါ သမီးရယ်​ ဆိုတာပဲ.....သူများလို မ​ကျွေးနိုင်​ မ​မွေးနိုင်​ဆိုလည်းထား​တော့....အခု က.... ထားပါ​တော့​လေ........

ကိုယ့်​ဖူးစာရှင်​ကလည်း ဘယ်​​ပျောက်​​နေမှန်းကမသိ....သွားလိုက်​ရတဲ့နတ်​ဆရာမ.....​အောက်​လမ်း အထက်​လမ်း အစုံပဲ ​ဘေးနားမှာ ဘယ်​သူမှ​ရောက်​မလာတာက အခက်​ .........
ဆိုင်​မှာ uniform လဲပြီး ထုံးစံအတိုင်း u tube က​နေ​ပြီး ကိုယ့်​မြတ်​​နိုးရာ k pop star. ​လေး​တွေကို ကြည့်​​နေလိုက်​မိတယ်​...ဒါပဲစိတ်​ချမ်းသာတယ်​​လေ....

လောကကြီးက ညည်း​ငွေ့စရာ.....ဖူးစာရှင်​လည်းဘယ်​နားသွားအိပ်​​ပျော်​​နေတယ်​မသိ....

where my love (​ပျောက်​ဆုံး​နေ​သောဖူးစာရှင်​)Where stories live. Discover now