အစပျိုးခြင်း

544 61 5
                                    

ကောင်းကင်ယံက တိမ်ဆိုင်မဲတွေက နွမ်းနယ်နေသော ဆောနူ၏စိတ်အစဉ်ကို ပို၍ ပင်ပန်းစေ၏။ မိုးရွာတော့မည့် အရိပ်အယောင်ကို မြင်သောအခါ ဆောနူသက်ပြင်းလေးလေးချမိသည်။

ဆောနူ၏ ခေါင်းသည် ဘာကိုမှမတွေးနိုင်အောင် ထုံနေပြီဖြစ်၏။ မင်္ဂလာပွဲ အထမမြောက်ခင်အထိ ဘာအတွေးမှ မဝင်အောင် ဆောနူ သတိထားခဲ့သော်လည်း ဖာသာ၏ စကားအဆုံးတွင် အနမ်းပေးရန်ကိုပင် ငြင်းဆန်ခဲ့သော ဂျယ်ယွန်း၏ အပြုအမူတွင် ဆောနူ၏ စိတ်သည် အဆုံးအထိ ကျဆင်းသွားပါ၏။

တစ်ဦးတည်း အတွေးများဖြင့် ကမ္ဘာတည်နေခဲ့သော ကင်မ်ဆောနူအတွက် အလွန်ပြင်းထန်သော ရိုက်ချက်ပင်။ ရှင်းမ်ဂျယ်ယွန်းသည် ဘယ်တုံးကမှ ကင်မ်ဆောနူနှင့် လက်မထပ်ချင်ခဲ့။

မျက်ရည်ကြည်တို့ ‌သီဝေ့လာသော ဆောနူ၏မျက်ဝန်းများသည် လမ်းဘေးကို ကြည့်နေရာမှ အကြည့်လွှဲသော် ကားမောင်းနေသော သူ၏ အသစ်စက်စက်အမျိုးသားကို မြင်၏။

ရှင်းမ်ဂျယ်ယွန်း၏ မျက်နှာသည်တည်တင်းနေပြီး စိတ်ရှုပ်နေဟန်ဖြင့် မျက်ခုံးများကို ကျုံ့၍ထားပေသည်။ မျက်ဝန်းများကိုတော့ ဆောနူမဖတ်တတ်ပါ။ စိတ်တိုနေသည်လား။ စိတ်ရှုပ်နေသည်လား။ သို့မဟုတ် နှစ်ခုလုံးပဲလား။

ဆောနူ ဂျယ်ယွန်းကို ငေးကြည့်နေသည်ကို ဂျယ်ယွန်းလည်း သိမည်ဖြစ်ကြောင်း ဆောနူသိနေပါသည်။ သို့သော်လည်း ဂျယ်ယွန်းသည် ဆောနူအား လေပမာ ‌ကောင်းကောင်းကြီး လျစ်လျူထားပေ၏။

မကြာမီ သူတို့ကားသည် ဆိတ်ငြိမ်ရပ်ကွက်တစ်နေရာရှိ သူတို့နှစ်‌ယောက်အတူနေရမည့်အိမ်သို့ ဆိုက်ရောက်လာပါ၏။

ဆောနူ ကားပေါ်မှ ဆင်းရုံရှိသေးသော်လည်း စိတ်မြန်လှသူ သူ့အမျိုးသားသည်ကား luggageကို ဆွဲကာ အိမ်ပေါ်သို့ တက်သွား‌လေပြီ။ ကျောခိုင်းထားသော ကျောပြင်သည် ဆောနူ ရင်းနှီးနေကျ။

"ဟိုဘက်က မင်းအခန်း"

လှေကားထစ်များ၏ အဆုံး၌ ဂျယ်ယွန်းသည် ဆောနူအား ရည်ရွယ်၍ ဒီနေ့တွင် ပထမဆုံး စကားဆိုလေပြီ။ သို့သော် စိမ်းကားသော စကား။ နေပါဦး။ လက်ထပ်ပြီးသား သူတို့က တစ်ခန်းတည်း မနေရဘူးလား။

"Dear" [ sunjake remake ]Where stories live. Discover now