ကျောင်းကို နေ့တိုင်းလာရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။
ကျောင်းရဲ့ လူဆိုးလှလှလေးဆီကနေ အနိုင်ကျင့်ခံချင်လို့။
ရှန်ချွမ်ရွေ့က အထက်တန်းနောက်ဆုံးနှစ်ပေမဲ့ ကျောင်းရဲ့ အထက်တန်း ပထမနှစ်က အစပြုလို့ တစ်ကျောင်းလုံးနီးပါး သူ့ကို သိကြသည်။
အကြောင်းအရင်းက စာတော်လို့တော့ မဟုတ်။ မိဘနောက်ခံနှင့် ဂျစ်ကန်ကန် ပေတေတေလေးလုပ်နေသည့်အပြင် အနိုင်ကျင့်တတ်လို့။
သူက အနိုင်ကျင့်တတ်ပေမဲ့ လူတိုင်းကို လိုက်ဒုက္ခပေးနေတာမျိုးမဟုတ်ဘဲ စိတ်ရှုပ်လာမှသာ ပြန်ပညာပြတတ်တာမျိုးပင်။
ပြသနာက ချွမ်ရွေ့ရဲ့ စိတ်က ၂၄ နာရီမှာ ၁၉ နာရီလောက်က စိတ်ရှုပ်နေတာပဲ။ ဒါတောင် ကျန်တဲ့ ငါးနာရီက အိပ်နေလို့။
ရုပ်လည်းချော အရပ်လည်းရှည် အားကစားလည်း တော်တဲ့ ချွမ်ရွေ့က လူဆိုးလေးဖြစ်နေတာတောင် မိန်းကလေးတွေကြား ရေပန်းစားသည်။ ချွမ်ရွေ့က လူဆိုးလေးဖြစ်နေရင်တောင် တခြားကောင်တွေထက် အစစအရာရာ အထာကျပြီးသား။
ချွမ်ရွေ့ကို ကျောင်းလူဆိုးဆိုပြီး နာမည်ရအောင် ဖန်တီးပေးတဲ့အထဲ ဆရာဆရာမတွေအပြင် ကျောင်းကောင်စီက ကင်မ်ဂယူဗင်းပါ ပါသည်။ တကယ်က သူ့ကို အဲ့နာမည်ရအောင်လုပ်တဲ့ အဓိက တရားခံလို့တောင် ပြောလို့ရသည်။
လူဆိုး ချွမ်ရွေ့ နဲ့ သူ့ရဲ့အနိုင်ကျင့်ခံ ကျောင်းကောင်စီ ဒုဥက္ကဋ္ဌ ဂယူဗင်းဆိုပြီး နာမည်တွေတောင်ကြီးသေးသည်။
မသိရင် ချွမ်ရွေ့က သူ့တစ်ယောက်ထဲကို အနိုင်ကျင့်နေသလိုမျိုး။ သူ့ကို အဲ့ကောင် စိတ်ရှုပ်အောင် လာလုပ်တာကျ လူတွေက မမြင်ကြဘူး။
မနက်ခင်း သူ ကျောင်းရောက်ပြီဆိုကတည်းက အလုပ်ရှုပ်လှပါချည်ရဲ့ဆိုသည့် ကျောင်းကောင်စီရဲ့ အမြဲအားနေတတ်တဲ့ အဲ့ဒီကင်မ်ဂယူဗင်းက သူ့ကို ဘေးနားကနေ ဒုက္ခတွေ စပေးတော့တာပါပဲ။
"ချွမ်ရွေ့....ဒီနေ့လည်း စောပါလား"
"အင်း..."
YOU ARE READING
ငါတို့ကျောင်းရဲ့ လူဆိုးလေးက ကျောင်းကောင်စီ ဒုဥက္ကဋ္ဌကို အနိုင်ကျင့်နေပြန်ပြီတဲ့
Romanceကျောင်းကို နေ့တိုင်းလာရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။ ကျောင်းရဲ့ လူဆိုးလှလှလေးဆီကနေ အနိုင်ကျင့်ခံချင်လို့။