အပိုင်း(၂၇၁) သားရဲ သုံးကောင်နှင့်
“ယင်အာ... လောကပင်လယ် အဆင့် တစ်ယောက်ရဲ့ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစားက ဘယ်လောက်လဲ”
ချင်ကူးယဥ်မှာ ထိုမေးခွန်းနောက်မှ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သည့်တိုင် အလိုက်သင့် အဖြေပေးရန်သာ ဆုံးဖြတ်လိုက်သည်။
“တစ်မီတာရဲ့ အပုံတစ်သောင်းပုံ တစ်ပုံပါ အဘိုး...”
ထိုအရာက ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်ပြီးသည့် လောက ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ပျမ်းမျှ ကြယ်တာရာ အမြုတေ အရွယ်အစား ဖြစ်သည်။ ထိပ်တန်းဆိုသော ပါရမီရှင်များမှာမူ ထိုထက် မဆိုသလောက်လေး ပိုကြီးကောင်း ကြီးနိုင်သည်။
“ကောင်းကင်အုပ်စိုးသူတွေရဲ့ အမြုတေရော...”
ချင်ကူးယွင်က ဆက်မေးလိုက်၏။
“တစ်မီလီမီတာရဲ့ တစ်ဝက်လောက်ပါ...”
၎င်းက လောကပင်လယ် အဆင့် ကျင့်ကြံသူထက် ငါးဆမျှ ပိုမို ကြီးမားသော အရွယ်အစား ဖြစ်သည်။ ချင်ကူးယဥ်မှာ သိပ်နားမလည်နိုင်သေး...။ အဘိုးက အဘယ်ကြောင့် ရုတ်တရက်ကြီး အရွယ်အစားများကို မေးနေရသနည်း။
“နေဦး... မဟုတ်မှ လွဲရော...”
ချင်ကူးယဥ် တစ်စုံတစ်ရာကို ရိပ်မိသွားဟန်နှင့် အဘိုးဖြစ်သူကို ကြည့်လိုက်၏။
“သူ့ရဲ့ အရွယ်အစားကရော အဘိုး...”
ချင်ကူးယွင် လေကို လေးလေးနက်နက် ရှူသွင်းလိုက်၏။ မျက်လုံးများထဲမှ ထိတ်လန့် တုန်လှုပ်မှုကတော့ ဆက်လက် နေရာယူနေဆဲ ဖြစ်သည်။ နိမ့်ကျသည့် ကျင့်ကြံခြင်း အဆင့်ကြောင့် မိန်းကလေးမှာ ကြယ်တာရာ အမြုတေ အရွယ်အစားကို မြင်နိုင်စွမ်း မရှိသည့်တိုင် သူမတော့ ခြားနားလှပေသည်။
“တစ်စင်တီမီတာ...”
...
ဝေါင်း...
ဝေ့ဝူယင်၏ အသက်ရှူသံတိုင်းက ပြင်းထန်သည့် အင်အားနှင့် အတူ အစစ်အမှန် နဂါးတစ်ကောင်၏ မြင့်မြတ် ထည်ဝါသော ဟိန်းဟောက်သံ သဲ့သဲ့ကို သယ်ဆောင်ထားသည်။ တစ်စင်တီမီတာရှိသည့် ကြယ်တာရာ အမြုတေသည် အဆုံးမဲ့ စွမ်းအားတို့ကို ထုတ်လွှတ်ရင်း သူ၏ သွေးသား ခန္ဓာကို နဂါးစွမ်းအားဖြင့် ထုံမွှမ်းနေသည်။ ထိုအခိုက်၌ သူ၏ သဏ္ဌာန်က လောကကို မီးလောင်တိုက် သွင်းပစ်တော့မည့် နဂါးမင်းသား တစ်ပါးနှင့်ပင် တူနေသေး၏။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Adventureအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...