276 - 280

68 10 1
                                    

အပိုင်း(၂၇၆) လုံချန်၏ ဒေါသ

သေမင်းတမန် တိတ်ဆိတ်မှု တစ်ခုသည် ကမ္ဘာလောကြီးကို လွှမ်းခြုံထား၏။ ရဲရဲနီသော သွေးများမှ မြေပြင်တွင် စမ်းချောင်း တစ်ခုလို စီးဆင်းနေ၏။ လုံချန် မြေပြင်တွင် ဒူးထောက် ထိုင်ချရင်း ပုံရိပ် တစ်ခုကို ထွေးပွေ့သွားသည်။

နေမင်းဘုံကို အစိုးရသော နတ်မိမယ်လေး အလား အလွန်လှပ‌သည့် မိန်းကလေးမှာ လာခြင်းကောင်းသည့်တိုင် ကြေကွဲဖွယ်ရာ အဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဒဏ်ရာများမှာ ရွှေအဆင်း ကဲ့သို့ ဝင်းသည့် သူမ၏ အသားအရေကို အရိုးများ ပေါ်သည် အထိပင် ထိုးဖြတ်ထား၏။

“မင်းမသေရဘူး...”

နူးညံ့သွယ်လျသည့် လက်ချောင်းလေးများကို ဆုပ်ကိုင်ရင်း လုံချန် နွေးထွေးနေသေးသလို ခံစားကြည့်လိုက်၏။ ဤသည်မှာ မျှော်လင့်ချက်ကို ဆုပ်ကိုင်ရန် သူ၏ အားထုတ်မှု ရေးရေးလေး တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကား ပြီးဆုံးသွားချေပြီ။

လုံချန်၏ မျက်လုံးများမှာ သွေးပင်လယ် တစ်ခုကဲ့သို့ ရဲရဲနီလာ၏။ လွမ်းဆွတ် ကြည်နူးဖွယ်ရာ အမှတ်တရများကမူ သူ့ဦးနှောက် အတွင်း နာကျင်ဖွယ် ဖြတ်ပြေးနေသည်။

ရဲရင့်သော ဟုန်ယု၊ တိုက်ရိုက်ဆန်သော ဟုန်ယု၊ ပွင့်လင်းသော ဟုန်ယု...

အနန္တ ဧကရာဇ်ဂိုဏ်းကို စတင် ရောက်ရှိသည့် အချိန်၌ သူသည် အခြေတည် ဖုန်မှုန့် တပည့် တစ်ယောက်မျှသာ ဖြစ်သည်။ မည်သည့် ကျောထောက် နောက်ခံမှ မရှိ…။ မည်သည့် ကျင့်ကြံခြင်း အခြေခံမှ မရှိ..။  ကိုယ့်အားကိုယ်ကိုးကာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းခဲ့ရသည်။

ဟုန်ယုနှင့် စတင်တွေ့ဆုံသည့် အချိန်က ကျိယုကို သတ်ဖြတ်ပြီးနောက်တွင် ဖြစ်သည်။ သူသည် သူမထံမှ အသိအမှတ် ပြုမှုတို့ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူမက သူ့အပေါ် စိတ်ဝင်စား လာခဲ့သည်။

ထို့နောက် သူတို့ နှစ်ယောက် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ဆုံခဲ့သည်။ သူမက သူ့အား ရန်သူများလက်မှ ကာကွယ်ပေးကာ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ များစွာ ကူညီပေးခဲ့သည်။ ရှောင်ပင်းနှင့် သူ့ကို ရင်းနှီးစေခဲ့သည်မှာလည်း သူမပင် ဖြစ်သည်။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now