281 - 285

68 8 0
                                    

အပိုင်း(၂၈၁) ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေး

“ငါခံစားမိသလောက် ဆိုရင် သူ့ရဲ့ သွေးမျိုးဆက် ရင်းမြစ်က မင်းရဲ့ မူလဒြပ်စင် ရည်ရွယ်ချက်ကို သန့်စင်နေတာ... ဒါ့အပြင် သူ့ရဲ့ သွေးသားခန္ဓာကိုယ်နဲ့ ပေါင်းစပ်အောင် လုပ်ပေးနိုင်တဲ့ စွမ်းအား တစ်မျိုး မင်းရဲ့ ကြယ်တာရာ အင်အားမှာ ပါဝင်နေတယ်... လောင်းကြေးထပ်ပြီး ခန့်မှန်းရရင် အဲဒါက အဂ္ဂိရတ် စွမ်းအင်ရဲ့ အသွင်ပြောင်းခြင်း အရည်အသွေးလိုမျိုးပဲ”

ဝူယုက မသေချာ မရေရာမှုများ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။ ဝေ့ဝူယင်တွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ရှိကြောင်း သူခန့်မှန်းမိသည်။ မဟုတ်ပါက သေမျိုး အာဏာရှင် ကြယ်တာရာ ပုံရိပ်ယောင် ပေါ်လာစရာ အကြောင်း မရှိချေ။

နှစ်ပေါင်း မရေမတွက်နိုင်အောင် ဆည်းပူးခဲ့သော ဗဟုသုတများ အရ... အဆင့်ကိုး ဆေးလုံး တစ်လုံးကို ဖော်စပ်ရန် အတွက် လျှို့ဝှက် အာဏာရှင် အဆင့် အဂ္ဂိရတ် စွမ်းအင်ကိုလိုအပ်ပေသည်။ ဝိညာဥ် အမျိုးအစား အားလုံးထဲတွင် အဂ္ဂိရတ် ဝိညာဥ်တစ်ခုသာလျှင် ကျင့်ကြံခြင်း အလွှာထက် ကျော်လွန်နေသည့် စွမ်းအင်များကို ထုတ်ပေးနိုင်စွမ်း ရှိသည်။

များသောအားဖြင့် အဂ္ဂိရတ် လမ်းစဥ် လျှောက်လှမ်းသူများမှာ တိုက်ခိုက်‌ရေးတွင် အလွန် အားနည်းသည်။ ထာဝရ ဧကရာဇ် ပင်လျှင် သူ၏ လုံခြုံရေး အတွက် ကျေးကျွန်များနှင့် မိတ်ဆွေများ အပေါ်တွင် မှီခိုခဲ့ရသည်။  သို့သော်လည်း ဝေ့ဝူယင်၏ တိုက်ခိုက်ရေး စွမ်းအားမှာမူ ရှေးခေတ်ဟောင်းမှ ပါရမီရှင်များ ထက်ပင် သာလွန်နေသည်။

ဝူယုသည် သူ ရောက်ရှိခဲ့သည့် အထွတ်အထိပ် အခြေအနေနှင့် ဝေးကွာနေဆဲ ဖြစ်သော်လည်း အာရုံခံစားမှုပိုင်းတွင်မူ ထူးခြား ကောင်းမွန်နေဆဲ ဖြစ်သည်။ သို့တိုင်အောင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း မည်သည့် စွမ်းအားများ ပိုင်ဆိုင်ထားသည်၊ ထို စွမ်းအားများ မည်သို့ နေရာကလာသည်ကို မဆုံးဖြတ်နိုင်ချေ။ အမှန်အတိုင်း ဝန်ခံရလျှင် ထျန်းတျန်ထဲမှ ကြယ်တာရာ ဝိညာဥ် နှစ်ခုမှ လွဲ၍ သူ ဘာကိုမှ အာရုံမခံနိုင်ခဲ့။ ထိုအရာက လျှို့ဝှက် ဆန်းကြယ် လွန်းလှသည်။ 

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now