၂၀၁၉ ဇူလိုင်လ ၁၈ရက်
ေရာမမြို့၊ အီတလီနိုင်ငံ။
“ Toy Room Bar Opening Party ”
ဝမ်ရိပေါ် Day Day Up Variety Show ရိုက်ကူးရေးအတွက် ဒီမြို့ကိုရောက်နေခဲ့တာ။ရိုက်ကူးရေးပီးချိန်မှာ ရောမမှာ လည်ပတ်အုံးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖဲွ့သားတွေ ပြန်တဲ့အချိန်မှာ သူက ကျန်နေခဲ့တာ။
တကယ်တော့ လည်ပတ်စရာ အကြောင်းပြချက်က ဘာဟုတ်တော့မှာလဲ။ သူ့ဖခင် ဝန်ကြီးချုပ် ဘင်ချန်ဇို က သားအဖနှစ်ေယာက် မေတွ့ရတာ ြကာပီြဖစ်လို့ ေတွ့ြကဖို့ ေတာင်းဆိုလာတာေြကာင့်ပင်။ရှေ့ရက်တွေက ဖခင်ဖြစ်သူကို အချိန်ပေးပီးတဲ့နောက် သူ့လုပ်ငန်းလည်ပတ်ရေးမှာ အထောက်အကူဖြစ်အောင် ဖွင့်ထားခဲ့တဲ့ မြေပေါ်ဟန်ပြ စီးပွါးရေးလုပ်ငန်းတွေထဲကမှ ဘားတစ်ခုဟာ တိုးချဲ့ပြင်ဆင်ရေးကြောင့် ပိတ်ထားခဲ့ရာကနေ ဒီနေ့မှာတော့ ဖွင့်ပဲွနဲ့အတူ ပြန်လာနိုင်ခဲ့ပီဖြစ်သည်။
သူ့အနေနဲ့ မသွားလဲ ရတယ်ဆိုပေမယ့် လူကိုယ်တိုင် ဒီမှာရှိနေတာရယ်၊ ဒီအတောအတွင်း စိတ်ထွက်ပေါက် မပေးရသေးတာကြာပီဖြစ်တာရယ်ကြောင့် ဖွင့်ပဲွ မစသေးခင်ထဲက ချောင်ကျကျနေရာတစ်ခုမှာ နေရာယူထားခဲ့တာဖြစ်သည်။
Toy Bar ဖြစ်တာမို့ နှစ်သက်ရာ မျက်နှာဖုံး အုပ်လာလဲ ရတာမို့ ဝင်လာမျှ လူတွေထဲမှာ မျက်နှာဖုံး ဝတ်ဆင်လာကြသူတွေလဲများသည်။
ဝမ်ရိပေါ် တွေးထားတာက စိတ်ပါလာရင် မျက်နှာဖုံးတစ်ခု ကောက်တပ်လို့ Dancing Floor မှာ လွင့်မျောပစ်ခိုက်မည်ဟူသော အတွေးနဲ့ လက်ရှိမှာတော့ ဖွင့်ထားတဲ့ သီချင်းနဲ့အပြိုင် ခြေလှုပ် လက်လှုပ်ဖြင့် ငြိမ့်နေခဲ့တာဖြစ်သည်။
သီချင်းတစ်ပုဒ် ဆုံးသွားပီး နောက်တစ်ပုဒ်ကို စောင့်နေတုန်း မျက်ဝန်းတွေက ဝင်ပေါက်ဘက်ဆီရွေ့မိတော့ ဝမ်ရိပေါ် တွေ့လိုက်ရတဲ့ လူတစ်ယောင်ကြောင့် လူက ဖျင်းကနဲ ခံစားလိုက်ရကာ မျက်ဝန်းအကြည့်တွေ ထိုလူ့ဆီ စူးစိုက်သွားမိတော့သည်။ ဆံနွယ်ရှည်တွေကို ထုံးဖဲွ့ထားတဲ့ထိုလူက တစ်ကိုယ်လုံး နက်စွေးနေကာ အကျီင်္ိကို ဝါဝင်းနေသော ရင်အုပ်တွေ ပေါ်သည်အထိ ကြယ်သီးတွေ ဖြုတ်ချထားတာဖြစ်သည်။ ခန္ဓာကိုယ်က ကျစ်လစ်တောင့်တင်းနေကာ ခြေတံရှည်တို့က ဖြောင့်စင်း သွယ်တန်းနေသည်။
ထိုလူရဲ့ မျက်နှာက အင်း••••
တော်တော်လေး အရိုင်းဆန်ပီး အတော့်ကို ချောလွန်းနေသည်။