လသားခလေးငယ်လေး၏
အော်ငိုနေသောအသံခလေးဟာဆာလွန်းလို့
တကိုယ်လုံး နီရဲမတတ်အော်ဟစ်ကာသူ့အားနို့တိုက်ဖို့ပူဆာနေခဲ့၏"သားသား!!!"
ပင်ပင်ပန်းပန်းနဲ့အရပ်ထဲအလုပ်လုပ်လာအပြီးအိမ်အရောက်သားငယ်၏ငိုသံဟာကျယ်လောင်လွန်းလှတာမို့ တုန်လှုပ်ခြင်းတွေနဲ့တဲလေးထဲအပြေးဝင်သွားမိ၏
သားသားဟာ ဒီအချိန်အိပ်နေကြမို့သူအမြဲဒီအချိန်ရပ်ကွက်ထဲအလုပ်လေးတွေပြေးလုပ်နေကြပါ
"သားသားရေ ဘာလို့ခုလောက်ထိငိုနေရတာလဲဟင် အို့ အို့ တိတ်ပါကွယ်"
"နေခြည်!!!"
""ဗျာ မမ"
"နင့်ရဲ့အဲ့အဖေမပေါ်ပဲမွေးထားတဲ့အောက်တန်းစားလေးအပေါက်ကိုထပ်မငိုအောင်ပိတ်ထားစမ်း
နေ့လည်နေ့ခင်းကောင်းကောင်းမအိပ်ရဘူး တောက်!! """ဟုတ်..ဟုတ်ကဲ့ပါ မမ
ဟုတ်ကဲ့""နေခြည်နင့်ကြောင့်နဲ့ငါနဲ့ငါ့သမီးလည်းအရပ်ထဲအရှက်ကွဲထားပြီးပြီ ပုံစံကရိုးပုံရိုးလတ်နဲ့ သေသွားတဲ့နင့်အဖေမျက်နာကြောင့်သာခြံဝန်းထဲထားထားရတာ ကျက်သရေယုတ်တယ်ဟဲ့...
နင်မို့လို့ ဘယ်ကောင်နဲ့ရခဲ့မှန်းမသိတဲ့ခလေးကိုမွေးပြီးချစ်ပြနေရတယ်လို့ ကျက်သရေကိုမရှိဘူး "ထပ်၍ပက်ပက်စက်စက်စကားတွေနေခြည့်ကိုပြောဆိုနေသောသားအမိပါပဲ
ဒီအိမ်ဟာနေခြည့်မေမေအပိုင်ဖြစ်ခဲ့သော်လည်း နေခြည့်မေမေကဆုံးသွားပြီစချိန် အဖေကနောက်မိန်းမယူကာ နောက်မိန်းမနဲ့သူ့သမီးအားထိုအိမ်ပေါ်ခေါ်တင်လာပြီး အတူတူနေစေခဲ့သည်။အစပိုင်းတော့အကောင်းစာရင်းပြတဲ့မိထွေးဟာဖခင်မရှိတော့ထဲကသူ့အားအိမ်ပေါ်ကမောင်းချကာခြံစွန်းမှာတဲလေးနဲ့နေခိုင်း၏ ကျောင်းတောင်မကောင်းတတ်လို့ထားပေးခံရတဲ့နေခြည်ဟာ ကံကောင်းတယ်ပဲပြောရမလားဂုဏ်ထူးသုံးခုနဲ့ထူးထူးချွန်ချွန်အောင်မြင်ခဲ့သည် သို့သော် ကျောင်းဆက်မထားပေးတော့ပဲ မိထွေးသမီးကသူလုပ်တဲ့ဘားမှာအလုပ်အတင်းထည့်ကာအိမ်အတွက်ထပ်ငွေရှာခိုင်း၏။ နောက်ဆုံးအခုလိုခလေးတယောက်နဲ့ဒုက္ခရောက်သွားအောင်လုပ်ခဲ့ကြသူများဟာလည်းသူတို့သာ....... အဖေမပေါ်ပဲခလေးမွေးတယ်ဆိုပြီး နှိမ်နှောပြောဆိုလာသူတွေကသာသူ့အားကလပ်မှာဆေးခပ်ပြီး လူတစ်ဦးဆီရောင်းခဲ့ခြင်းသာ