" ဟယ်လို...! ကျွန်တော် ဂျွန်မြောင်ပါ "
" ဟယ်လို...ဟယ်လို?! "
"...မင်ဆောင်းရှီးလ်?? "
တတူတူ မြည်သံဆွဲလျက် ပြတ်ကျသွားသည့် ဖုန်းလိုင်းကြောင့် ဂျွန်မြောင် စိတ်ဓာတ်ကျသွားရသည်။ အလုပ်ရှင်ထံသို့ သူ,မနေ့ညကတည်းက ဆက်သွယ်ကြည့်ချင်ပေမယ့် တဖက်လူရဲ့အခြေအနေ အဆင်မပြေသေးမှာကို စိုးရိမ်သည့်အတွက် သူ ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်၏။
နောက်တစ်နေ့ မနက်ရောက်ခါမှ သူ့ အလုပ်ရှင်ကိုပြန်ဆက်သွယ်ပြီး အနူးအညွှတ်တောင်းပန် ကြည့်ချင်သော်လည်း အလုပ်ရှင်ဘက်မှ သူ့ဖုန်းကိုရှောင်ရှားခြင်းကို ခံခဲ့ရသည်။ သူ့ဘက်က မည်သို့ပင် ဆက်သွယ်ပါစေ မင်ဆောင်းရှီးလ်က လက်မခံခဲ့သလို ယခုနောက်ဆုံးအကြိမ်ဆက်သွယ်ပြန်တော့လည်း သူ့ကို blacklist တင်သွားခဲ့၏။
" လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားသဖြင့် ဆက်သွယ်၍မရနိုင်... "
ဂျွန်မြောင် မျက်မှောင်ကြုတ်ထားမိရင်း ဖုန်းချထားလိုက်မိတော့သည်။ ကြားရက်အတွင်းမှာလည်း အလုပ်ရှာပေးသည့် အသိမိတ်ဆွေထံမှလည်း အပြစ်တင်သံများကို နားနှင့်မဆန့်အောင် သူ ကြားခဲ့ရပြီးပြီ။
သူ နားမလည်နိုင်သော အကြောင်းရင်းအမျိုးမျိုးဖြင့် အလုပ်အင်တာဗျူးတိုင်းမှ အငြင်းခံခဲ့ရသည်။ သူမည်မျှပင် ကြိုးစားပါစေ သူ့အရည်အချင်းနှင့်ကိုက်ညီသော အနိမ့်ဆုံးအလုပ်အကိုင်ပင်လျှင် ဂျွန်မြောင်အတွက် ရနိုင်ရန်ခက်ခဲနေသည်။ အယုတ်စွဆုံး ၂၄နာရီစတိုးဆိုင်များတွင် အချိန်ပိုင်းလုပ်ဖို့ပင် သူ ဆုံးဖြတ်ခဲ့သေး၏။ သို့ထိတိုင်အောင် သူဟာ အငြင်းခံနေရဆဲ။
တဖြည်းဖြည်းနှင့် ထိုကိစ္စများပြီးသွားသည်က ရက်သတ္တပတ်တောင်ရှိသွားနှင့်ပြီ။ ယခုဆိုလျှင် ပုံမှန်အလုပ်အကိုင်အတွက် သူ့မှာအခွင့်အရေး မရှိတော့သည်က သေချာသလောက်ရှိနေပြီဖြစ်၏။
" ရှီးဘားလ်...! "
ဂျွန်မြောင် စိတ်ကုန်ကုန်ဖြင့် ဆဲရေးလိုက်မိသည်။
ဂျူနီယာလေးရဲ့ စိတ်လိုက်မာန်ပါပြုမူမိခြင်းက သူ၏ရှားပါးလွန်းသောအလုပ်အခွင့်အလမ်းအား ပျက်စီးစေခဲ့သော်လည်း ဤမျှအထိသူကိုက ကံခေလိမ့်မည် မထင်မှတ်ထားခဲ့ပေ။ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဂျူနီယာလေးအပေါ် အပြစ်မတင်နိုင်ခဲ့၊ အစကတည်းက သူ့အပြစ်လည်းမကင်းခဲ့တာကြောင့်ပါလေ။ ကြည့်ရတာ သူကိုက ထိုအလုပ်နှင့်ကံခေသည်ထင်ပါ၏။
YOU ARE READING
SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag Ongoing
Fanfic'' Even though that it hurts me baby I'm in love with the way you hate me '' _Little Lamb_ •Title: SENPAI •Season I : 25Chapters +15Extra •Genre: RatedM,Red Flag •Author: Amaryllis_Lian •Both Zawgyi & Unicode Available •Starting...