선배 -14-

253 29 6
                                    

( A/N:ကြမ်းတမ်းသောစကားလုံးများနှင့် အကြမ်းဖက် s3xual scene များပါဝင်ပါသည်။ ဤစိတ်ကူးယဉ်ဇာတ်လမ်းအား အတုယူမမှားစေရန်နှင့် Fanfic အဖြစ်သာမြင်၍ မိမိအသိစိတ်ဖြင့် ဆင်ခြင်၍ ဖတ်ပေးကြဖို့မေတ္တာရပ်ခံပါသည်။ )

–––

လွန်ခဲ့သော ၃နှစ်ခန့်က---

လက်ပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေသော သူ့အနားသို့ သူမလေးက တိုးကပ်ကာခေါင်းမှီလာပါ၏။ သူမလေးက သူအလုပ်လုပ်နေတာကို မမြင်ချင်သည့်အလား ဂဂျီဂဂျောင်ကျလာတာကြောင့် ဂျွန်မြောင်ကသာ လက်လျော့လိုက်ရတော့သည်။

" ကဲ ပြောပါဦး ဘာလို့ကိုယ့်ကို ဒီလောက်ထိနှောင့်ယှက်နေရတဲ့ အကြောင်းလေး? "

ဂျွန်မြောင် စိတ်အရှည်ဆုံးထားကာ မေးလိုက်တော့ သူမလေးရဲ့ မျက်နှာက ညိုးနွမ်းသွားပြီး ရှုံ့မဲ့လာတော့၏။

" အိုပါး... တကယ် မမှတ်မိဘူးလား "

ငိုမဲ့မဲ့လေသံဖြင့်ပြောလာသည့် သူမလေးကြောင့် ဂျွန်မြောင် ခေတ္တတွေဝေသွားသည်။ သူ့ဘက်ကတစ်စက္ကန့်ဆို တစ်စက္ကန့်ကြာသည်နှင့်အမျှ သူမလေးဟာ ပေါက်ကွဲတော့မည့် မီးတောင်အလား စူပုတ်လာတာကြောင့်....

" ကိုယ်တကယ်ပဲ နားမလည်...အာ! "

ရုတ်တရက် အသိတရားဝင်သွားသူလိုမျိုး ဂျွန်မြောင် ထအော်လိုက်မိပြီး သူမလေးကို စိုးရိမ်တကြီးကြည့်လိုက်ကာ...

" အဲ့ဒါလား??? "

သူမလေးက သူ့ကိုစိတ်မကြည်မလင်ဖြင့် ပြန်စိုက်ကြည့်နေသေးသည်။ ဂျွန်မြောင် မယုံကြည်သလိုမျိုး မေးလိုက်မိတော့...

" ဒီနေ့ကြီး?? တကယ်ကြီး?? "

" အာ...! အိုပါး တကယ်ပဲ မမှတ်ထားဘူးလား ဟုတ်ပါတယ်ဆို အဲ့ဒါလာနေတာ ဒီနေ့ ဒီနေ့ ပြန်စနေပြီ အ့! "

စိတ်မရှည်စွာ ရှင်းပြနေသည့်သူမလေးက ရုတ်တရက် ဗိုက်ကိုလက်ဖြင့်ကာရင်း ညည်းညူးလာမှ ဂျွန်မြောင် လုပ်လက်စအလုပ်မှန်သမျှရပ်ကာ ပျာပျာသလဲလဲဖြင့် ထရပ်ပြီး လှုပ်ရှားရတော့တာပင်။

နာရီဝက်ခန့်အကြာမှာတော့ သူမလေးရဲ့အနားမှာ ပစ္စည်းအစုံအလင်ဖြင့်ရှိနေပြီဖြစ်၏။ ဆိုဖာပေါ် သက်သောင့်သက်သာလှဲရင်း ဘာဘယ်လ်တီးသောက်နေသည့် သူမလေးကို ဂျွန်မြောင်မှာ ဂရုတစိုက်နှင့် အရိပ်တကြည့်ကြည့်ကြည့်နေရသည်ပေါ့။

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now