선배 -15-

144 21 5
                                    

" ဟက်... "

" အရူးလိုမျိုးလေ "

ဂျူနီယာလေးရဲ့ အေးတိအေးစက် စကားသံအဆုံးမှာ နောက်ပြန်ချုပ်ခံထားရသည့်ဂျွန်မြောင်ရဲ့လက်တွေပေါ်ကို တစ်စုံတစ်ခုက ပိုပြီးတင်းကြပ်လာတာကို ခံစားလိုက်ရ၏။ ဂျွန်မြောင် စိတ်ထဲစိုးရိမ်မှုနှင့်အတူ ဆတ်ကနဲခေါင်းလှည့်ကြည့်မိသည်နှင့် မျက်လုံးတွေပြူးသွားရ၏။

" ငါ့ကိုလွှတ်စမ်း! မင်း...! ရား! "

ဂျူနီယာလေးက ပတ်တီးစကိုသွားဖြင့်ကိုက်ထားပြီး လက်နှစ်ဖက်စလုံးမှ ပတ်တီးတို့ကို အလွယ်လေး ဖယ်ရှားပစ်လိုက်တာကို မြင်နေရ၏။ သူ့ကိုစိုက်ကြည့်နေသော ဂျူနီယာလေးရဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်တော့တာကို သူသတိထားမိလိုက်သည်နှင့်...

" ကျန်းရိရှင်း! မင်းငါ့ကို ဘာလုပ်ဖို့ကြိုးစားနေတာလဲ!? "

ဂျူနီယာလေးက ထိုပတ်တီးစရှည်ကိုသုံးပြီး ဂျွန်မြောင်ရဲ့လက်ကောက်ဝတ်ကို တင်းနေအောင် ရစ်ပတ်လာ၏။ ကိုယ့်ဆေးကိုယ်ပြန်မိသော လူဖြစ်လာရသည့် ဂျွန်မြောင်မှာ နောင်တနှင့်အတူ နှုတ်ခမ်းကိုဖိကိုက်မိရင်း

" ကျန်းရိရှင်း ငါတို့ပြတ်ပြီးပြီ! "

ဒီစိတ္တဇကောင်ကို ဂရုစိုက်ဖို့ကြိုးစားမိတဲ့ သူ့ ဦးနှောက်ကိုက ပုံမှန်မဟုတ်ခဲ့လို့နေမှာ!!

ဂျွန်မြောင် စိတ်မမှန်သည့်လူတစ်ယောက်ကို သာမန်ဆန်စွာ ပြောဆိုလို့မရမှန်း သိလိုက်ရတာကြောင့် ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ထိန်းရင်း မိမိအနောက်မှအရူးကောင်ကို သတိပေးလိုက်သည်။

" မင်းငါ့ကိုကြိုးချည်ထားရုံနဲ့ အဓမ္မကျင့် လို့ရမယ်မထင်နဲ့! ရိရှင်း! ငါ မင်းကိုကြောက်မယ်များ ထင်နေလား? "

ဂျွန်မြောင်ရုန်းကန်ရ ခက်ခဲသည့်အနေအထား၌ အံကြိတ်ကာ ပြောလိုက်ခြင်းပင်။ ဂျွန်မြောင်ကသာ ရုန်းရခက်နေပေမယ့် သူ့အပေါ်မှလူကတော့ ကျွမ်းကျင်စွာပင် သူ့ကို ဖမ်းချုပ်ထားနိုင်ဆဲ။

သူ့ခြေထောက်တွေကို ဒူးဖြင့်ထိန်းချုပ်ထားရင်း သူ့ရဲ့လက်တွေကိုတော့ ပတ်တီးစဖြင့် လက်ပြန်ကြိုးတုပ်နေသည့် ဂျူနီယာလေးကတော့ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်လို့နေသည်။ ဂျွန်မြောင် ဘယ်လောက်ကျိန်ဆဲဆဲ ဂျူနီယာလေးက ဂရုတောင် စိုက်မနေပေ။

SENPAI「𝙓𝙄𝙉𝙂𝙃𝙊」Red Flag OngoingWhere stories live. Discover now