Not Anymore

1.1K 130 14
                                    

ခဲမတတ် အေးစက်လွန်းနေတဲ့ သူ့လက်ချောင်းထိပ်တွေဟာ ပူကျစ်နေတဲ့ ကော််ဖီခွက်ထုထည်ကို ထိကပ်လိုက်တဲ့အခါမှ အနည်းငယ် သက်သာရာရသွားသလို ဂျောင်ဝန်းခံစားလိုက်ရတယ်။

အရင်တုန်းကဆိုရင် သူ့ရဲ့အေးစက်စက်လက်ချောင်းတွေ နွေးထွေးသွားဖို့ကို ခုလိုကော်ဖီပူပူတစ်ခွက်ရဲ့ အကူအညီ ယူစရာမလိုခဲ့ဘူး။

တစ်စုံတစ်ယောက်ရဲ့ လက်နွေးနွေးတွေက သူ့လက်တွေကိုကူညီဆုပ်ကိုင်ပေးဖို့ အမြဲရှိနေခဲ့တယ်လေ။

အခုလည်း အနီးအနားမှာရှိနေဆဲပါပဲ။
ဒါပေမယ့် ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့် ဂျောင်ဝန်း လက်တွေနွေးဖို့ ကော်ဖီပူပူရဲ့ အကူအညီကိုပဲယူလိုက်ရတယ်။

သူ့နှုတ်ခမ်းစပ်နားကို ပူကျစ်လွန်းနေတဲ့ကော်ဖီတွေ ရောက်လာတဲ့အချိန် ခါးသက်မှုအချို့ကိုခံစားရတယ်။ ဒါပေမယ့် ဂျောင်ဝန်း မျက်နှာမှာ တည်ငြိမ်နေတဲ့ ဝမ်းနည်းရိပ်တွေကလွဲလို့ အခြားတုန့်ပြန့်မှုမရှိလာခဲ့ဘူး။

နှလုံးသားက ပိုပြင်းတဲ့ ခါးသက်မှုတွေကို ကြုံနေရတဲ့အခါ သူဟာအချိန်အတော်ကြာ အရာရာမှာ ထုံထိုင်းနေခဲ့တယ်။ ကော်ဖီတွေ ပူမှန်းလည်း သူမသိတော့ဘူး။

ဒီကော်ဖီတစ်ခွက်ဟာ ခုမျက်နှာချင်းဆိုင်က တစ်စုံတစ်ယောက်ကို သူတစ်ကြိမ်ထပ်ပြီး တွေ့နိုင်ဖို့ အကြောင်းပြချက်တစ်ခုသာသာပဲ။

" ဒီထက်ပိုပြီး ဆက်သွယ်တာမျိုးတွေမလုပ်နဲ့တော့ ..
ဂျောင်ဝန်း.. ငါ ဒီဆက်ဆံရေးကို အေးအေးဆေးဆေးနဲ့ပဲ အဆုံးသတ်ခဲ့လိုက်ချင်တယ် "

ဖြည်းဖြည်းချင်းပြောလာတဲ့ စကားလုံးတွေက ဒီနေ့ရဲ့ရာသီဥတုထက်တောင် အေးစက်နေတယ်။

ပြီးတော့ ရှင်းလင်းတယ် ၊ ပြတ်သားတယ်။

ဂျောင်ဝန်း အတွက် ဒီစကားတွေကိုကြားရတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် နားလည်ဖို့ခက်ခဲနေတုန်းပဲ။

မဟုတ်ဘူး ။ ခုထိနားမလည်ချင်သေးဘူးဆိုရင် ပိုမှန်မယ်။

  ဂျောင်ဝန်း သူ့အကြည့်တွေကို ကော်ဖီခွက်ကနေ နေရာမရွှေ့ရဲဘူး။ ခုချိန်မှာသူက အပြစ်သားတစ်ယောက်လိုပဲ။

Not Anymore ( JAYWON )Where stories live. Discover now