Ep-3(သူငယ်ချင်းပါပဲ) U/Z

93 5 2
                                    


သစ်ပင်ရိပ်တွေနဲ့ ပြည့်နှက်နေသော ဥယျာဉ် ပုံသဏ္ဌာန် နှင့် ခြံဝန်းကျယ်ထဲတွင် ခမ်းနားထည်ဝါစွာတည်ရှိနေသော နှစ်ထပ်တိုက်၊
မြက်ခင်းစိမ်းစိမ်းတွေနဲ့ လှပလျက်ရှိသော လမ်း ကောင်းကင်ပြာ ပင်ရိပ်​အောက်ရှိ နားခိုရာ ကွက်လပ်။ ထိုကဲ့သို့ ခမ်းနားထည်ဝါလှသော တိုက်ထဲတွင်နေသူမှာ အခြားသူမဟုတ် ဇေယျာပင်ဖြစ်တယ်။

ဇေယျာက အမြဲ ကျောင်းကအပြန် နေဝင်ဆည်းဆာရောင်ခြည်ကို ကြည့်ပြီး အိမ်ကိုပြန်လာတဲ့အခါမှာ အိပ်ခန်းထဲကို အရင်ခေါင်းထိုးတတ်သူပင်ဖြစ်တယ်။

သူ့ခေါင်းထဲမှာတော့ စိုင်းအောင်ခမ်း သူ့ဆံပင်ကို ပွတ်သပ်ပေးတဲ့ အထိအတွေ့ကတော့ နေရာယူမြဲ
စိတ်ထဲမှာ

"ငါဘာလို့ သူ့အကြောင်းတွေးနေရတာလဲ"

ဆိုတဲ့ အတွေးက ရှိနေပါတယ်။
ဇေယျာက သူ့ခေါင်းပေါ်ကို ကျလာတဲ့ နူးညံသော လက်တစ်စုံကြောင့် အမှတ်တရတစ်ခုဖြစ်နေစဲ။

နောက်တစ်နေ့မနက်
ဇေယျာနာရီကိုကြည့်လိုက်တော့ 8:30

"ဟာ!!!! ငါနောက်ကျနေပြီ ဆရာတော့ဆူတော့မှာပဲ ကျောင်းက ဆရာတွေနဲ့ငါနဲ့က မကြည်ပါဘူးဆို"

ဇေယျာက ကျောင်းဝတ်စုံကို အမြန်လဲ မနက်စာတောင်မစားပဲ ကားသော့ကိုရှာကာ ဂိုထောင်ကိုလာလေတော့တယ် ကားကိုအိမ်ရှေ့ရောက်တော့ အိမ်ကို သော့ခတ်လိုက်ပေတယ်။

အိမ်က သူ့အဖေ ဝယ်ပေးထားတာမို့ သူတစ်ယောက်ထဲနေခြင်းဖြစ်တယ်။သူ့မိသားစုက ဇေယျာ G12 ရောက်နေပြီး အရေးကြီးနေပြီမို့ သူတို့နဲ့အတူမနေခိုင်းပဲ နေပြည်တော်ကအိမ်ဝယ်ပေးလိုက်တာမို့ ဇေယျာကိုအချိန်မပေးနိုင်ပေ။

"တောက်စ် အရေးထဲ နောက်ကျပါတယ်ဆို အိမ်သော့ခတ်ရတာ အလုပ်တစ်လုပ်"

မြန်မြန်ဆန်ဆန်လုပ်ပေမယ့် ကျောင်းကိုတော့ နောက်ကျခဲ့တယ် အခန်းထဲကို ပြေးပေမယ့် ဆရာက တုတ်ကိုင်ကာ လက်ပိုက်စောင့်နေလျက်

"ဇေယျာ!!! မင်းထုံးစံအတိုင်းပဲ နောက်ကျပြန်ပြီနော်"

"ဆရာကလဲ ကျွန်တော် ကားလမ်းပိတ်နေလို့ပါ"

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now