1

272 23 1
                                    

one's pov

ရာသီမှီ မပွင့်လန်းခဲ့ရတဲ့ ပန်းလေးတွေကသူတို့ရဲ့နူးညံ့ပြီး ပြီးပြည့်စုံသည့်အလှတရားကို အလှမာန်သွေးခွင့်ဆုံးရှုံးခဲ့ရသလို၊
ပွင့်လင်းမှုမရှိခဲ့ကြတဲ့အချစ်တွေကလည်း ပျော်ရွှင်ကြည်နူးစရာအချိန်တွေကို အလွမ်းတွေနဲ့ ဖြည့်သိမ့်လိုက်ရပြီး အဆွေးတွေပြည့်သိပ်ခဲ့ရတဲ့ နှလုံးသားတစ်စုံပေါ့။

.
.
.

လူတိုင်းကတော့ ကောင်း၏မကောင်း၏ ခွဲခြားမရခက်သော အချစ်နဲ့တော့မကင်းနိုင်ကြပါဘူး။
ဘဝမှာ တခါလောက်တော့ လူတစ်ယောက်ကိုနှစ်နှစ်ကာကာ ရူးရူးမူးမူး မြတ်နိုးဖူး ချစ်ဖူးကြမှာပါ။
ကျွန်တော်လည်း ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ လူတစ်ယောက်ကိုပြောမပြတတ်အောင် ချစ်ခဲ့ဖူးတယ်။
အင်းးး...ချစ်ဖူးတယ်လို့ပြောရမှာပေါ့၊
အခုချိန်ထိလည်း ချစ်နေဆဲမို့လေ....။

ကျွန်တော်ကတော့ အဲ့လူရဲ့တစ်နေ့တာမှာသိပ်အရေးမပါလောက်ပေမဲ့... ကျွန်တော်အတွက်တော့ ကိုယ်တိုင်အောင် ဝေခွဲမရနိုင်ခင်မှာပင် အနက်ရှိုင်းဆုံးသော ရင်ထဲတစ်ထောင့်တစ်နေရာမှာ အမြစ်လေးက ကုတ်တွယ်နေခဲ့ပြီးဖြစ်သည်။

ကျွန်တော်သူ့ကိုဘယ်တုန်းကစပြီးများ ကျွန်တော့်နှလုံးသားတစ်စုံကိုမြေဩဇာအဖြစ်ချကျွေးမိပါလိမ့် သူ့ကိုချစ်တဲ့ အချစ်တွေက အပွက့်အခက် အလူလူတတ်ဖို့ဘယ်တုန်းကများ ရေလောင်း ပေါင်းသင်ပေးခဲ့မိပါလိမ့်။

ဘယ် သူစိမ်းနဲ့မှနီးနီးကပ်ကပ်မနေဘူး၍များ...
ကျွန်တော်မသိတော့ပါဘူး...ကျွန်တော်က ဉယျာဉ်မှူးတစ်ယောက်ဖြစ်ခဲ့ပြီလေ သူ့ကိုချစ်မိတဲ့ အချစ်ပင်ကိုပျိုးထောင်မိသူ။

အဆုံးသတ်မှာ​တော့ ကျွန်တော်ကပဲဉယျာဉ်မှူးဆိုးတစ်ယောက်သာ အက်ဆစ်လောင်းပြီး သတ်ပစ်လိုက်တဲ့...ဟူးးးးး အတွေးသိမ်ပြီးအတ္တကြီးခဲ့မိတာလား...?

အင်းးးး
သူအကြောင်းတွေကို ကျွန်တော်ပြန်ပြောင်းပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်ပြောမယ်ထင်ပါတယ်။
.
.
.
အတိုချုံးပြောရရင်တော့ဖြင့်...

14.You and MeWhere stories live. Discover now