[ 𝙰/𝙽 : Inspiration of Pit Babe Thai Series, abo gyubrick / enemies to lovers ]
"ဒီနှစ်တော့ မင်း သေချာပေါက် ရှုံးမှာ!"
"ဟ... မင်းအရင်နှစ်တွေကလည်း ဒါမျိုးပဲ ပြောနေကျမလား ငါ့ကို နိုင်ရောနိုင်ဖူးလို့လား ရစ်ခီ!"
ပြိုင်ကားအမိုးပေါ်ကို လက်မှီထောက်ပြီး တစ်ဖက်ကားအတွင်းထဲက လူကို သူ လှောင်ပြုံးပြုံးပြရင်း ပြက်ရယ်ပြုနေလိုက်တယ်။ ဆံပင်အဖြူရောင်ကို တစ်ခေါင်းလုံးဖွေးနေအောင် ဆိုးထားတဲ့ ကားထဲက ကောင်လေးက သူ့ကိုကြည့်ရင်း မျက်မှောင်တွေတင်းနေအောင် ကြုပ်ထားသေးတယ်။ ကျားဖြူတစ်ကောင် မာန်ဖီနေတာနဲ့မတူဘဲ ကြောင်ဖြူလေးတစ်ကောင် စိတ်တိုနေတဲ့အတိုင်း။
"နိုင်မှာ မယုံရင် စောင့်ကြည့်နေလိုက်!"
တည်နေရာက ဒီကနေ့မနက် ကျင်းပတဲ့ undergroud car raceပွဲတစ်ခုမှာ ကားရပ်နားစခန်းမှာဖြစ်တယ်။ အနယ်နယ်အရပ်ရပ်က ကားပြိုင်ပွဲစိတ်ဝင်စားတဲ့လူတိုင်းကို မေးကြည့်လိုက်။ ကင်မ်ဂယူဗင်း၊ ကင်မ်ကယ်ဗင်ဆိုတဲ့ လူကို မသိတဲ့လူမရှိလောက်တဲ့အနေအထား။ မသိလို့လည်း မရဘူးလေ။ ကိုယ်က NYUအထိသွားပြီး နိုင်ငံခြားက ကောင်တွေပါ ရိုက်ချလာတဲ့ကောင်။
ရစ်ခီကတော့ အဲ့လိုမဟုတ်။ သူနဲ့အချိန်တူတူ ပြိုင်ကားလောကထဲဝင်ခဲ့တယ်ဆိုပေမယ့် သူ့နာမည်ကြီးမှုက တရုတ်နဲ့ကိုရီးယားလောက်မှာပဲ။ သူ့ကိုယ်သူပေးထားတဲ့ နာမည်ပြောင်ကလည်း ကျားဖြူဆိုပဲ။ လူကြည့်တော့ ကြောင်ချေးအိုးရုပ်နဲ့။
"အိုကေလေ ဒါဆို လောင်းမလား ဒီနှစ် ပွဲမှာ မင်းနိုင်ရင် ငါ့သားလေးကို အလကားပေးလိုက်မယ် ယူမလား"
"မင်းသားလိုဟာမျိုး ဆယ်စီးမက ငါ ဝယ်နိုင်တယ် ရှင်းလား"
"ဝယ်လည်း ငါ့အငွေ့အသက်တော့ ရမှာမဟုတ်ဘူးလေ ငါ့သားလေးက ဆယ်စုနှစ်လောက် ချန်ပီယံဖြစ်တဲ့ ငါကိုယ်တိုင်စီးထားတဲ့ ကားလေ"
"အဲ့တော့ ဘာလုပ်ရမှာလဲ ချက်စားရမှာလား"
ရန်ပွဲငယ်လေး အစပျိုးနေတဲ့အချိန် မလှမ်းမကမ်းကနေ ပြေးလာတဲ့ လူအုပ်ကြီးကြောင့် ဂယူဗင်း မျက်မှောင်တွေဟာ ဘေးနားက ကြောင်ဖြူလေးအတိုင်း လိုက်ကျုံ့မိသွားတယ်။ လာကြပြန်ပြီ ဆိုင်းဘုတ်ကြီးတွေတကိုင်ကိုင်နဲ့ သောက်ဒုက္ခလိုက်ပေးတဲ့ stalker fanတွေ။ စိတ်ကျဥ်းကြပ်ရတာတွေကို ကြိုက်တဲ့လူမဟုတ်တာမို့ ကိုယ်ဝါသနာပါတာကို လုပ်နေရရင်ပြီးရော၊ တကူးတကကြီး ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးမယ်ဆိုလို့ကတော့ ပရိသတ်နာမည်ခံဖြစ်နေတဲ့ လူတွေကိုလည်း သူ မလိုအပ်ပါေပ။
YOU ARE READING
To All the boys Ricky've loved before
Fanfictionℛ𝒾𝒸𝓀𝓎 × all OTPs about him woongri, gyuricky, yuriz, jeongri, geonri, etc. ➤ 𝘀𝗺𝘂𝘁, 𝗳𝗹𝘂𝗳𝗳, 𝗮𝗻𝗴𝘀𝘁 ➤ 𝗿𝗮𝗿𝗲 𝘀𝗮𝗱 𝗲𝗻𝗱𝗶𝗻𝗴 ➤ 𝗼𝗻𝗲 𝘀𝗵𝗼𝘁𝘀 ➤ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘