အချစ်ဦး နှင်းဆီ🌹

30 1 0
                                    

ဘဝမှာ ပထမဆုံး တွဲဖူးတဲ့သူကို
ရည်းစားဦးလို့ ခေါ်ပြီး
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့အချစ်နဲ့
ပထမဆုံး ချစ်မိတဲ့သူကို အချစ်ဦးလို့ ခေါ်ဆိုပါသတဲ့

ကျွန်မအတွက်တော့ သူမက
ရည်းစားဦး မဟုတ်တဲ့ အချစ်ဦးလေး ဖြစ်ခဲ့တယ်
နှင်းဆီနီတွေကို မြတ်နိုးတယ်ဆိုတဲ့သူမက ကျွန်မ အမြတ်နိုးရဆုံး အမျိုးသမီးလေးတစ်ယောက် ဖြစ်လာခဲ့တယ်

ဒါပေမယ့် နှမြောဖို့ကောင်းတာက
ကျွန်မတို့နှစ်ယောက်က
နီးစပ်နိုင်ခွင့်မရှိတော့ဘူးတဲ့လေ
ကျွန်မ သိပ်ချစ်ရတဲ့ နှင်းဆီနီက ဆိုင်သူ ရှိနေတဲ့အပြင် နှင်းဆီနီက ကျွန်မကို သူ့စိတ်ထဲမှာ မရှိတော့ဘူးတဲ့

ကဲ ဘယ်လောက်တောင် ကြေကွဲဖို့ ကောင်းလိုက်သလဲ

အရာအားလုံးက
ကျွန်မရဲ့အမှားတွေပါ
နှင်းဆီနီအပေါ် ချစ်ခဲ့မိတဲ့အချစ်တွေက
ပေးဆပ်တာလို့ ထင်ခဲ့မိပေမယ့် တကယ်က သူ့အပေါ်မှာ နှစ်ခဲ့မိတယ် ထင်ပါတယ်

သူမကို ပင်ပန်းအောင် လုပ်ခဲ့မိတယ်
ကျွန်မကိုယ်တိုင်လည်း ပင်ပန်းနေတယ်ဆိုပေမယ့်
လူဆိုတဲ့အမျိုးက ကိုယ့်ကိုကိုယ်ထက် ကိုယ်ချစ်ရတဲ့သူကို ပိုပြီး
စဥ်းစားပေးချင်ကြတာမလား
ကျွန်မလည်း အ့လိုပဲပေါ့

အရင်ကတော့ ကျွန်မ
သေချင်တယ်ပြောရင်
စိတ်ဆိုးတတ်တဲ့သူမက ခုကျ ကျွန်မ နေမကောင်းတာတောင်
စိတ်မဝင်စားတော့ဘူးလေ
တကယ်လို့ ကျွန်မ သေသွားခဲ့ရင်တောင် သူ ငိုပါလိမ့်မလား

မေ့ပစ်ဖို့ ဦးနှောက်က
သတိပေးနေပေမယ့်
နှလုံးသားက ပြန်ပြောတယ်
မင်းမှာက စဥ်းစားတွေးခေါ်နိုင်တဲ့အရာတွေပဲပါတာ
ခံစားချက်အကြောင်း ဘယ်ကောင်းကောင်း သိနိုင်ပါ့မလဲတဲ့

ကိုယ်အမြဲ စကားပြောချင်နေတဲ့လူတစ်ယောက်က ကိုယ်နဲ့
စကားမပြောချင်တဲ့ ခံစားချက်က ဘယ်လောက် နာကျင်ရသလဲဆိုတာ မင်းမှ မသိဘဲတဲ့လေ

ဦးနှောက်ကလည်း ပြန်ပြောပါတယ်
မင်း အ့လိုခံစားနေရလို့ နာကျင်ရတာ များနေပြီမလားတဲ့
အ့တော့ နှလုံးသားက
ပြန်ပြောတယ်
နာကျင်ရရင်တောင်
ချစ်ရတဲ့သူဖြစ်နေလို့ကို အနာကျင်ခံနေတာပါတဲ့လေ..........

မပိုင်ဆိုင်ရသော နှင်းဆီနီ(A red rose whom I don't own)Where stories live. Discover now