part 10

1.4K 19 0
                                    

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော

အပိုင်း - ၁၀

ဦးအလုပ်သွားသည်နှင့် မကြာလိုက်
မေ မီးဖိုခန်းထဲဝင်ကာ ချိုင့်လေးနှင့် ဟင်းတွေခူးခတ်ကာ
အပြင်ထွက်လာတော့....

"မမလေး ချိုင့်ကဘယ်သူအတွက်လဲဟင်"

"ဟို...ညီမလေး နေမကောင်းလို့ အဲ့တာသွားပို့ပေးမလို့"

"ကြာဦးမှာလား မမလေး"

"မကြာပါဘူး ခနပါဘဲ မြန်မြန်ပြန်ခဲ့မယ်"

"ဟုတ် "

မေ ရင်ဘတ်ကိုလက်ကလေးနဲ့ဖိကာ မောင်နဲ့တွေ့နေကျ
ခုံတန်းလေးကိုရောက်တော့ မောင်ကအသင့်ရောက်နေပြီး
သား ၊ မောင်ကမေ ကိုမြင်သည်နှင့် ဖက်လိုက်တော့.....

"ဖယ်ပါ မောင် ဒါလူမြင်ကွင်းနော်"

"အေးပါ မောင်မေ့သွားလို့ပါ"

"ရော့ ဒါကနင်အတွက် ထမင်းတွေဟင်းတွေထည့်လာတာ"

"ဟင်....မေချက်လာတာလား"

"အင်းပေါ့ စားစေချင်လို့ ကိုယ်တိုင်ချက်လာတာ"

"မေ အဆင်ပြေရဲ့လား"

"ပြေပါတယ်ဟာ...."

"ဟင် သေချာလို့လား မေရယ်"

"သေချာပါတယ် ခုတောင်သူအလုပ်သွားတာနဲ့တန်းထွက်လာတာ"

"ဪ...."

"ဒါနဲ့မောင် ဘယ်လိုလုပ်ပြီး အသက်ရှင်ခဲ့တာလည်း"

မောင် မေချက်လာတဲ့ထမင်းစားနေတာကိုရပ်လိုက်ပြီး
စကားစလိုက်သည်။

"အဲ့နေက ငါဓားနဲ့ထိုးတာ နှလုံးကိုမထိသွားဘူးမေရဲ့
သူတို့ငါ့ကို ရေထဲပြစ်ချလိုက်တော့ ပိုက်တန်းနေတဲ့လင်မယားနှစ်ယောက်ကတွေ့ပြီး ငါ့ကိုကယ်ခဲ့တာ....."

"ဟင်...."

"ငါအချိန်တွေအကြာကြီး ဆေးတွေကုခဲ့ရတာ ..
ငါနေပြန်ကောင်းကောင်းခြင်း နင်ဆီလာခဲ့တာမေ ....
အဲ့နေ့က နင်မွေးနေ့လေ...ဘုရားပေါ်က ကောင်လေးကိုမှတ်မိတယ်မလား"

"ဟင်....ဒါ....ဒါဆို ဘုရားပန်းရောင်းနေတာ နင်ပေါ့ ဟုတ်လားမောင်"

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသောWhere stories live. Discover now