part 11

1.3K 20 0
                                    

ပြင်းရှရှအနမ်း (Or) ဦးချစ်ရသော

အပိုင်း -၁၁ 🔞🔞🔞

"တောက်!!!အာ ဟာ...."

"ခွမ်း "

"ရာဇာနဲ့သက္က ဒီဓာတ်ပုံတွေဘယ်သူပို့လိုက်တာလည်း
ရအောင်စုံစမ်းခဲ့ အဲ့လူငါ့ဆီခေါ်လာခဲ့"

"ဟုတ်ကဲ့ဆရာ"

စည်း ဒေါသတို့ကထိန်းမရ နံရံကို အဆက်မပြတ်လက်သီး
ချက်ပေါင်းများစွာ ထိုးပြစ်လိုက်သည်။
စည်း ဓာတ်ပုံတွေကိုယူကာ အိမ်သို့ပြန်လာခဲ့သည်။
သို့သော် မေကရှိမနေခဲ့.....မေ မိဘအိမ်လိုက်သွားတော့လည်း မတွေ့ခဲ့....

"မိစု နင်မမလေး ဘယ်သွားလည်း နင်မသိဘူးလား"

"ညီမလေးဆီ သွားမလို့ဘဲပြောတာပါဆရာ ကျန်တာမသိပါဘူး"

"သူနေ့တိုင်း အဲ့လိုအပြင်ထွက်နေတာလား "

"ဟို....ဟို မမလေးက"

"ငါ့ကိုအမှန်တိုင်းပြော မဟုတ်လို့တော့ နင်အသက်ပျောက်သွားရလိမ့်မယ်"

"မလုပ်ပါနဲ့ ဆရာရယ် မိစုအမှန်တိုင်းပြောပါ့မယ်
ဆရာအလုပ်သွားပြီးတိုင်း မမလေးကနေ့တိုင်းလိုလိုအပြင်သွားပါတယ်.....မလိမ်ပါဘူးဆရာ မိစုအမှန်တိုင်းပြောတာပါ"

စည်း ဒေါသတွေက မီးလောင်ရာ လေပင့်နေသလိုဖြစ်နေရသည်။
ယုံကြည်မိခါမှ နောက်ကြောဓားနဲ့အထိုးခံရသည်အဖြစ်ကို
အခဲမကြေနိုင်.....
စည်း ဧည့်ခန်းက ပန်းအိုးကိုပါ ရိုက်ခွဲလျှက် အခန်းထဲဝင်သွားတော့ ဖန်ဘူးလေးပါ လွင့်ပြစ်လိုက်တော့ နံရံနဲ့ထိပြီး
ကြေမွသွားရသည်။

မေအိမ်ထဲဝင်လာတော့ ပွလန်‌ကြဲနေတာကိုမြင်သည်နှင့်
အခန်းထဲပြေးဝင်လာတော့....မျက်တောင့်နီကြီးနဲ့ ဦး
မေကိုကြည့်ကာ မေပုခုံးကိုကြမ်းတမ်းစွာ ဆုတ်ကိုင်လိုက်သည်။

"မင်းဘယ်ကပြန်လာတာလည်း"

"အမေ...အမေအိမ်က...."

"ဘာ အမေ့အိမ်ကပြန်လာတယ် ဟုလား"

"ဟုတ်....ဟုတ်"

"မင်းကိုယုံကြည်မိခါမှ မင်းဘာလို့ငါ့ကိုလိမ်ရတာလည်း
ဟင်...ဘာလို့လည်း ဘာလို့ငါ့အပေါ် သစ္စာဖောက်ရတာလည်း"

ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသောWhere stories live. Discover now