နားထဲမှာလှုပ်ရှားနေတဲ့အသံတွေကြောင့် စောင်ပုံထဲကွေးနေရာမှသူနိုးလာခဲ့သည်။ဆောင်းရာသီကိုသူတကယ်မကြိုက်ပါ။ရန်ကုန်ဆောင်းကအရမ်းမအေးသော်လဲ နေမထွက်ခင်အချိန်ထိတော့ အေးစိမ့်စိမ့်ဖြစ်နေတက်သည်။ အနားမှာစစ်ဖြစ်ရင်တောင်သူမနိုးပေမယ့်ဆောင်းရာသီဆိုရင် အေးတာနဲ့သူနိုးလာတက်သည်။ခြေဖျားလက်ဖျားအေးရင်ကောင်းကောင်းမအိပ်နိုင်တာကြောင့်အိပ်ရေးမဝတဲ့အခါလူကစိတ်မကြည်ချင်။
ဟူဒီခေါင်းစွတ်ကို မျက်နှာပဲပေါ်အောင်ချည်ထားတာကြောင့်သူ့ပုံစံက ဘာနဲ့တူနေမှန်းမသိ။ မျက်လုံးကိုအသာဖွင့်ကြည်လိုက်တော့ ဆွယ်တာနက်ပြာရောင်ကိုဝတ်ထားတဲ့ညီ့ကိုတွေ့ရလေသည်။နယ်သွားဖို့လိုအပ်တဲ့ပစ္စည်းတွေကားပေါ်တင်နေတာဖြစ်မည်။ရွာကိုမိုးမချုပ်ခင်ရောက်အောင်ဒီကနေညနှစ်နာရီလောက်ထွက်မှအဆင်ပြေနိုင်မည်။ သူတို့ဘင့်ကားနဲ့ပဲသွားကြမှာမို့ မေရီက ရုံးကလက်ထောက်တစ်ယောက်နှင့် ကားကိုယူလာခဲ့လေသည်။ ပစ္စည်းတွေကားပေါ်တင်လို့ ပြီးသွားတော့ ညီက သူအိပ်နေသောကုတင်ဆီလျှောက်လာတာမို့မျက်လုံးတို့ကိုမှိတ်ချလိုက်လေသည်။ခြုံထားသောစောင်ကိုဖယ်လိုက်တဲ့အခါ ရှိသမျှအကြောတွေတောင့်တင်းကုန်သည်ထင်ရလောက်အောင်အေးသွားတာများ အကုန်ကြုံ့ကုန်ပြီတောင်ထင်ရသည်။ သို့သော်ကြာကြာမအေးလိုက်ရပါ ။ရင်ထဲမှာဟာကနဲဖြစ်သွားကာ သူ့ခန္ဓာယ်ကိုယ်သည်မွေ့ယာနဲ့လွတ်ကာ ရင်ခွင်ကျယ်ကြီးထဲသို့ရောက်သွားတာကြောင့်ပင်။ညီ့ရင်ဘတ်ကိုသူ့မျက်နှာအပ်ထားတာကြောင့် ညီ့ရင်ခုန်သံတွေဟာ သူ့ရင်ခုန်သံတို့နဲ့ ထပ်တူကျနေတာကိုသတိထားလိုက်မိပါသည်။အသိစိတ်မရှိခင်အပွေ့ချီခံရတာဘယ်လိုမှမနေပေမယ့် အသိစိတ်ရှိနေတုန်းပွေ့ချီခံရတာ ရင်ထဲမှ တလျှပ်လျှပ်နှင့်တစ်မျ်ိုးကြီးဖြစ်နေလေသည်။ဝိတ်မသေးသောသူ့ကိုပွေ့ချီထားရတာမို့ ညီ့အသက်ရှူငွေ့နွေးနွေးတို့ဟာ သူ့မျက်နှာပေါ်တစ်ခါတစ်ခါကျရောက်လာတဲ့အခါ အသက်ရှူဖို့ပင်မေ့မေ့သွားတက်လေသည်။ အိပ်ချင်ယောင်ဆောင်နေသဖြင့်လူကစိတ်မလုံချင်ပါ။"မေရီ"
မချီမဆန့်အသံနဲ့ညီခေါ်လိုက်သံကြားတော့လူကရှက်ပြီးထူပူလာလေသည်။ အခုမှမျက်လုံးထဖွင့်လို့လဲအဆင်မပြေတော့
YOU ARE READING
ONLY YOU,BE MINE LOVE
Romanceပေါ့ပေါ့ပါးပါးficလေးပါပဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတဲ့ကောင်လေးတွေအကြောင်းပါပဲ အချစ်အကြောင်းမို့ ချစ်ချင်မေတ္တာနဲ့ ပတ်သတ်တာလေးတွေပဲပါမှာပါ