"ပြန်ရောက်ပါပြီ ခင်ဗျ"
အိမ်ကိုထဲဝင်တော့တအိမ်လုံးမှောင်မဲနေသည်။အန်တီ
လေးရဲ့အသံလည်းမကြား၊အန်တီလေးကဒီအချိန်ဆို
စျေးသွားပြီ။ဒါပေမဲ့ တအိမ်လုံးဘာလို့မှောင်နေတာလဲ
မီးဖိုချောင်ထဲကနေလည်းအသံတွေကြားနေရသည်။စားပွဲပေါ်ကပန်းအိုးကို ပန်းတွေထုတ်၍ပြောင်းပြန်ကိုင်
ကာမီးဖိုချောင်နား ခပ်ဖြည်းဖြည်းသွားလိုက်၏။"ဟင်..ခင်ဗျားဘယ်သူလဲ?!!"
မီးဖိုချောင်ထဲမှာအရပ်မြင့်မြင့် အသားညိုညိုနဲ့လူတယောက် ရေခဲသေတ္တာကိုဖွင့်နေသည်။
"ဟေ..ဟေ..ကောင်လေးမှားမယ်နော်"
britishလေသံနဲ့ထိုလူကသူ့ကိုလက်ကာ၍ပြောနေ
တယ်။"ခင်ဗျား ဘယ်သူလဲ!!"
ထိုလူကိုပန်းအိုးနဲ့ရွယ်လိုက်၏။
"OK..ok..ငါကဒီအိမ်ပိုင်ရှင်Mayရဲ့ခင်ပွန်းKrisပါ"
သူအခုမှစဥ်းစားမိတယ်။ဦးလေးkrisကိုတခါမှမမြင်ဖူးသေးပေ။ဒီလူကဦးလေးkrisရောဟုတ်လို့လား။
"ခင်ဗျားက...ဦးလေးkrisဆိုတာသေချာလို့လား"
"Oh my god!!..ဘယ်လိုတွေဖြစ်နေကြတာတုန်း"
ထိုအချိန်အန်တီလေး စျေးကပြန်လာပြီးသူတို့အခြေအနေကိုမြင်ပြီးshock
ရသွားတော့သည်။"taehyungငယ် မင်းဦးလေးကိုဘာလုပ်နေတာလဲ"
ထိုအခါမှ ပန်းအိုးကိုအနောက်ဖွက်လိုက်ပြီး
"ဟို..ဟို..ကျွန်တော်ဦးလေးkrisကိုသူခိုးလို့ထင်သွား
လို့ပါ""ဖြစ်မှာဖြစ်ရလေကွယ်"
Taehyungငယ်ရဲ့အပြောကြောင့်သူ့မှာရယ်ရခက်၊
ငိုရခက်ဖြစ်နေပြီ။"တောင်းပန်ပါတယ် ဦးလေးkrisရယ်..ကျွန်တော်က
ဦးလေးကိုတခါမှမမြင်ဖူးတော့ သူခိုးထင်သွားလို့ပါ""ရပါတယ်..မင်းလည်းရုတ်တရက်ဆိုတော့လန့်သွားမှာပေါ့"
"ကျွန်တော်မှားတာပါ ဦးလေးkrisရယ်"
"ကဲကဲ..taehyungငယ်ရေမိုးချိူးတော့..လာ kris
လည်းထမင်းဟင်းချက်ဖို့လာကူပေး"