ဖောက်ထွင်းမြင်နိုင်သော အရာဝတ္ထုတစ်ခု ကောင်းကင်ပေါ်မှ ကမ္ဘာေမြကြီးေပါ်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ကျဆင်းလာေနသည်။
ထိုအရာအား မည်သူတစ်ဉီးတစ်ေယာက်မှ ေတွ့ရှိဟန်မတူေပ။ထိုအရာေလးသည် တိမ်တိုက်များ အတွင်းမှ ထိုးေဖာက်လာပြီး မိုးေမျာ်တိုက်ကြီးများအား ဖြတ်သန်းကာ တဖြည်းဖြည်း အရှိန်ေလျာ့လာဟန်ဖြင့် တိုက်ခန်းေလးတစ်ခုအတွင်းရှိ ေကာင်မ ေလးတစ်ေယာက်၏ ကိုယ်တွင်းသို့ ဝင်ေရာက်ေပျာက်ကွယ်သွားခဲ့သည်။
********************
ေဆးတက္ကသိုလ်ေကျာင်းသူေလး ခြူးမြင့်မိုရ်၏ မိဘနှစ်ပါးမှာ သူငယ်စဉ်ကတည်းကပင်ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။ ယခုအခါတွင်ေတာ့ သူသည် ေဆးရုံတစ်ခုတွင် အလုပ်သင်အဖြစ် ဝင်လုပ်ေနသည်။
ယေန့ သူ့ဂျူတီချိန်ပြီးေသာအခါ အပြင်၌ အ ေတာ်ေမှာင်ေနပြီဖြစ်၍ အိပ်ေဆာင်ဘက်သို့ ခပ်သွက်သွက်ေလျှာက်လာသည်။
ငါးထပ်ေဆာင်ကြီးေရှ့သို့ ေရာက်ေသာအခါ ေလးလွှာသို့ ဓာတ်ေလှကားဖြင့် တက်သွားလိုက်ပြီး အခန်းနံပါတ် ၁၇ ေရှ့တွင် ေခြစံုရပ်ကာ တံခါးေသာ့ဖွင့်၍ ဝင်သွားလိုက်သည်။
အခန်းတွင်းတွင် အခြားမိန်းကေလးများကဲ့သို့ ပစ္စည်းအများအပြားမရှိေပ။ ကုတင်တစ်လုံး နှင့် စာအုပ်စင်အေသးေလးတစ်ခုရှိပြီး ထိုအေပါ်တွင်ေတာ့ ေဆးပညာဆိုင်ရာ စာအုပ်များကို စီစီရီရီတင်ထားသည်။ ကုတင်ေဘးတွင်ေတာ့စားပွဲတစ်လံုးနှင့် သစ်သားထိုင်ခုံတစ်ခုရှိသည်။
ထို့ေနာက်တွင်ေတာ့ အဝတ်ဗီရိုတစ်လုံးရှိပြီး အဝတ်ချိတ်သည့် တန်းတစ်ခုရှိသည်။ခြူးမြင့်မိုရ်သည် အခန်းထဲသို့ေရာက်သည်နှင့် ေဆးပစ္စည်းများထည့်ထားေသာသူ၏လက်ဆွဲအိတ်အား ကုတင်ေပါ်သို့ အသာချ၍ တပတ်တစ်ထည်အား ပုခုံးေပါ်တင်ကာ ေရချိုးခန်းတွင်းသို့ ဝင်သွားေတာ့သည်။
ေရချိုးပြီးေနာက် ကုတင်ေပါ်တက်၍ ခနလှဲေလျာင်းေနလိုက်သည်။ ခဏအကြာတွင် ခြူးမြင့်မိုရ် တစ်ေယာက် သူ၏ ဉီးေခါင်းအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ နာနာကျင်ကျင်ေအာ်ဟစ်ကာ သတိလစ်ေမ့ေမျာသွားေလ ေတာ့သည်။