သူ့ပတ်ဝန်းကျင်ရှိ တီးတိုးစကားေပြာသံများကိုလည်း ရှင်းလင်းစွာကြားေနရသည်။
အကြားအာရုံ အားေကာင်းလာရုံသာမက သူ၏ စိတ်အာရုံသည် တတိယမျက်လုံးတစ်လုံး ရုတ်တရက်ပွင့်လာသကဲ့သို့ ခံစားေနရသည်။ေလထုထဲရှိ စွမ်းအင်အမှုန်အမွှားများကို အာရံုခံမိေလသည်။ ထိုစွမ်းအင်သည် သူ၏ကိုယ်အတွင်းသို့ စီးဝင်ေနပြီး တဖြည်းဖြည်းနဲ့ သူ၏ချက်ေအာက်သို့ စီးဆင်းသွားသည်။
သမားေတာ်အိုကြီးများ၏ ေဆးပညာ အ ေမွအနှစ်များကို လွှဲေပြာင်သင်ယူရင်းမှ သိရှိလာသည်က ထိုေနရာအား စွမ်းအားဗဟိုချက် ဟုေခါ်တာပင်။ တစ်နည်းဆိုရ ေသာ် စွမ်းအင်သိုေလှာင်ရာ ေနရာဖြစ်သည်။
ထိုစွမ်းအင်များအား ဖြန့်ကျက်၍ ခန္ဓာအနှံ့ ပို့လွှတ်ကာ ေသွးေကြာများအားသန့်စင်နိုင်သည်။ ထို့ေနာက် အရိုးများ ပိုမိုသန်မာေအာင် ပြုပြင်နိုင်ေသးသည်။
ထိုအခါ သူ၏ ခန္ဓာကိုယ်သည် သာမာန်လူများထက် အဆတစ်ရာေလာက် ပိုမိုအားေကာင်းလာလိမ့်မည်။ ထိုေတွ့ရှိချက်ေကြာင့် ခြူးမြင့်မိုရ် ေပျာ်ရွှင်သွားသည်။ ယခုသူ၏ခန္ဓာကိုယ်သည် အားနည်းလွန်းသည့်အတွက် မကြာခဏဆိုသလို ဖျားနာတတ်သည်။ထိုစွမ်းအားများဖြင့်ဆိုလျှင် သူ၏ ခန္ဓာကိုယ်မှာ သာမာန်လူများထက် များစွာ သာလွန်ေနရာ ေနမ ေကာင်းဖြစ်ချင်လျှင်ပင် မဖြစ်နိုင်ေတာ့ေပ။
စနစ်သည် သူ၏ စိတ်အတွင်းသို့ အချက်အလက်တစ်ခုအား ေပးပို့လာသည်။
စိတ်စွမ်းအားကျင့်စဉ် နှင့် အတွင်းအားကျင့်စဉ်ဖြစ်သည်။စိတ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် သူ၏စိတ်ဝိညာဉ်သည် အခုထက် ပိုမိုအားေကာင်းလာနိုင်သည်။ကျင့်စဉ်ကို ပံုမှန်ကျင့်ကြံခြင်းဖြင့် အဆင့်မြင့်လာနိုင်သကဲ့သို့ စိတ်ဝိညာဉ်အားတိုးေဆးများ ေသာက်သုံးခြင်းဖြင့်လဲ အဆင့်မြင့်တင်နိုင်သည်။ သဘာဝစိတ်ဝိညာဉ်ေဆးပင်များလဲရှိသည်။ထိုအရာများအား ေတာနက်ကြီးများထဲ၌သာ ရှာေတွ့နိုင်ေလသည်။
အခြားတစ်ခုမှာ အတွင်းအားကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်အား ကျင့်ကြံခြင်းဖြင့် သူ စုပ်ယူထားေသာ စွမ်းအင်များကို သိပ်သည်းေအာင်ေလ့ကျင့်နိုင်သည်။ သိပ်သည်းထားသော စွမ်းအင်များ လုံလောက်ေအာင် အားကောင်းလာသောအခါ သူ၏ကိုယ်တွင်းရှိ စွမ်းအင်အကာအရံအလွှာများကို ချိုးဖျက်ကာ အဆင့်တက်ရမှာပင်။