"မောင့်ချစ်သူ အချေလေး"
Introယွန်းမြတ်ခြယ်
တစ်ဦးတည်းသောသမီးလေးလည်းဖြစ် ဖတဆိုးလေးမို့ ယွန်းကိုမေမေက အမြဲအလိုလိုက်ခဲ့တယ်...ယွန်း...ကျောင်းဆရာမမဖြစ်ခင်အထိပေါ့။ယွန်းအလုပ်က နယ်ဝေးတွေလည်း ကျနိုင်တာမို့ မေမေက ယွန်းကိုစိတ်မချ အိမ်ထောင်ပြုဖို့သာ အမြဲတိုက်တွန်းသည်။မေမေ့ဆန္ဒကတော့ ယွန်းကို ပျော်ရွှင်သောမိသားစုဘဝလေး တည်ဆောက်ပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့အတွက်သာ... သို့ပေမဲ့ ယွန်းအဖို့ ဝါသနာပါရာ ဆရာမအလုပ်မှထွက်ပြီး လှောင်အိမ်လေးထဲမှာ ပိတ်လှောင်ခံထားရတဲ့ ကျေးငှက်လေးတစ်ကောင်လို မနေလို...မေမေ့ရဲ့ ဆန္ဒတွေကို ငြင်းဆန်းရင်း ယွန်း ဆရာမအလုပ်ကို လုပ်လာခဲ့တာ အခုဆို ယွန်းတို့မြို့မှာပဲ ကျောင်းအုပ်အဖြစ်နဲ့ ပြောင်းရွေ့ကျခဲ့လေပြီ။မေမေနှင့် စကားလက်စုံကျတိုင်း...
"အပျိုကြီး ဘဝနဲ့ အရိုးထုတ်သွားတော့မှာလား မိယွန်းမြတ်ခြယ်"ဟု မေးလာသော မေမေ့စကားသံများကြောင့် ယွန်း ပြုံးမိတာလည်း အခါခါပါပဲ။အသက်၃၉ဆိုသည့်အရွယ်သာ ရောက်လာခဲ့ပေမဲ့ အချစ်ဆိုသည့်အရာကို ယွန်း ကောင်းစွာနားမလည်ခဲ့...ထို့ကြောင့် ယွန်း အချစ်ဆိုသည့်အရာနှင့် တစ်ချိန်တခါတော့ ထိတွေချင်မိသည်။ယွန်း မနက်ဖြန် ကျောင်းစဖွင့်ရက်မို့ ဒီညတော့ အိပ်မပျော်နိုင် ဝရံတာတွင် ထွက်ရပ်မိသည်။ယွန်း ကောင်းကင်ကို မော့ကြည့်မိတော့ လမင်းကြီးက ထိန်ထိန်သာနေကာ ဖိုးလမင်းကြီးက သူမကို ငုံ့ကြည့်နေသလိုပင်...
ဖိုးလမင်းကြီးသာ တဂယ်ငုံ့ကြည့်နေမယ်ဆိုရင် ယွန်း ဆုတစ်ခုလောက် တောင်းချင်ပါတယ်...
ယွန်းကို အချစ်ဆိုသည့်အရာနှင့် တွေ့ခွင့်ပေးပါလို့...။ ။အေနီတာမောင်
ဘဝပေးကံကြောင့် ပျော်ရွှင်သောမိသားစုဘဝလေး ဆုံးရှုံးခဲ့ရပေမဲ့ အဒေါ်တို့မိသားစုလေးက မောင့်ရဲ့ဒုတိယမိသားစုလေးလိုပါပဲ။မောင် ၈နှစ်သမီးအရွယ်မှာ မိဘနှစ်ပါးစလုံဆုံးရှုံးခဲ့တယ်။ဖေဖေ့ညီမ မောင့်အဒေါ်ကပဲ မောင့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့တာပါ။မောင့်အဒေါ်ရဲ့ ယောကျာ်းကအနေအေးသူမို့ အဒေါ်အိမ်မှာ နေရသည်မှာ မောင့်အတွက်အဆင်ပြေစိတ်အေးရသည်။နောက်တော့ အဒေါ်တို့မိသားစု စားဝတ်နေရေး အဆင်မပြေတာတွေ့ရသည်။ မောင်၁၀တန်းအောင်ပြီးချိန် ကျောင်းဆက်မတက်တော့ပဲ အဒေါ့်ကို ဝိုင်းကူရင်း အဒေါ့်ဆီမှာပဲ စက်ချုပ်ပညာသင်ခဲ့သည်။အခုဆို စားဝတ်နေရေးပြေလည်ပြီး အိမ်ကအငယ်မလေး အဒေါ့်သမီးလေးကို ကျူရှင်ထားနိုင်ခဲ့ပါပြီ။မောင့်အလုပ်က စက်ချုပ်တာရယ် အိမ်ကအငယ်မလေးကို ကျောင်းကြိုပို့တာရယ်ပါ။အင်း...နောက်ဆို မောင်အလုပ်တစ်ခုပိုတိုးလာတော့မည်။မောင် ဒီကနေ့မနက်ကပဲ အိမ်ကအငယ်မလေးကို ကျောင်းလိုက်အပ်ပေးရင်း အချစ်ကိုတွေ့ခဲ့သည်။မောင့်အချစ်က အမျိုးသမီးတစ်ယောက်ထံသာ ကျရောက်ခဲ့သည်။ထိုအမျိုးသမီးက အငယ်လေးတို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာမအသစ် ဒေါ်ယွန်းမြတ်ခြယ်။
မောင်တော့ အချစ်သင်ခန်းစာတွေ သင်ယူရတော့မယ်ထင်ပါရဲ့ ဒေါ်ယွန်းမြတ်ခြယ်ရယ်...။ ။