Unicode💐
ကုတင်ဘေးကစားပွဲပေါ်မှ အချက်ပေးနာရီသံကြောင့် Jungkook ၏မျက်တောင်ဖျားတို့လှုပ်ခပ်လာခဲ့သည် ။ တက်တူးထိုးထားသောလက်တဖက်ဖြင့် နာရီသံအား ရပ်တန့်စေလိုက်ပြီး... နောက်တွင်တော့ မျက်လုံးအစုံသည်လည်းပွင့်လာခဲ့တော့
၏ ။ရင်ခွင်ထဲရှိ သူ့အကောင်ပေါက်လေးကတော့ နာရီသံကြားတာတောင် တချက်မနိုး။ အိပ်ပျော်နေသောလူသားလေးအားကြည့်နေရင်း အသည်းယားလာ
သဖြင့် တင်းကျပ်စွာဖက်လိုက်ပြီး မျက်နှာနုနုလေးကိုနှာခေါင်းနစ်ဝင်သွားတဲ့အထိ
ဖိကပ်နမ်းရှိိုက်လိုက်သည်။ ဒီလူသားလေးကိုသိပ်ချစ်ပါ၏ ။ ပြောမပြတတ်အောင်ပင်သိပ်ချစ်ရပါ၏ ။နှစ်ချိုက်စွာအိပ်ပျော်နေသောသူ့အသဲလေးအား မနိုးချင်ပေမယ့် နိုးရမည်။ ကျောင်းရှိသေးတယ်မလား။
အဲ့ဒီ့ကျောင်းဆိုတာကိုထွင်ခဲ့တဲ့သူအား ဒေါသထွက်သည်။ ဘာကိစ္စ ကျောင်းဆိုတဲ့အရာကြီးပေါ်ပေါက်လာအောင်လုပ်ခဲ့ရတာတုန်း ။သူတို့အတွဲ ချစ်ကြည်နူးရမည့် အချိန်လျော့အောင် သက်သက်ကြိုတင်ကြံစည်ထားတာ။
" ထယ်လေး... ယောင်းလေး... ထယ်ယောင်းလေး ထတော့နော် ကျောင်းသွားရဦးမယ်လေ"
" အွန်း..."
ကိုယ်လေးကိုအနဲငယ်လှုပ်၍နိုးလိုက်တော့ အသံလေးထွက်လာတော့သည်။ လက်လေးကလဲမျက်လုံးအား ပွတ်သပ်လျှက် ။
မြတ်နိုးရသောအစိတ်အပိုင်းလေးအား နာသွားမည်စိုး၍ ထိုလက်ကလေးနှစ်ဖက်ကိုဖယ်လိုက်ရသည်။
အချိန်ဆွဲနေလို့မဖြစ်တာကြောင့် ဝက်ဝံလုံးလေးအားပွေ့ချီပြီး ရေချိုးခန်းထဲသို့ခေါ်လာရတော့၏။
ဘာမှကိုမပြောပဲဇိမ်ခံနေတာ ။"မောင်... ငါဟမ်ဘာဂါနဲ့စတော်ဘယ်ရီနို့ စားမှာနော်"
"ပြွတ်စ်* မောင်သိပါတယ် ။
ကျောင်းရောက်မှစားကြတာပေါ့"အိင်္ကျီကြယ်သီးတပ်ပေးနေရင်း သူ့ကောင်လေးပြောစကားအား တုန့်ပြန်လိုက်သည်။ နဖူးလေးကိုလဲနမ်းလိုက်သေး၏။
နှစ်ယောက်နေထိုင်ရာ အသိုက်အမြုံလေးကနေလက်တွဲကာတူတူထွက်လာပြီး ကားပေါ်တက်လိုက်ကြသည်။ နောက်ဆုံးပေါ် lambor လေးကတော့သာမန်အရှိန်ဖြင့်သာလိုရာခရီးသို့ရွှေ့လျားနေပါတော့သည်။