နောက်ဆုံး နေ့လည်ရောက်လာကာ စုကျင်းယန်က အသက်ပြင်းပြင်းရှုလိုက်ပြီး ရေးထားတာတွေနဲ့ ပြည့်နေတဲ့ အနက်ရောင်လယ်သာစာအုပ်ကို ပိတ်လိုက်ပြီး သူ့လက်ထဲက ဘောပင်ကို အောက်ချလိုက်တယ်။
ကျီယွမ်အထက်တန်းကျောင်းက မြို့တော်Aမှာ ရှိသည်။ထိပ်ဆုံးအထက်တန်းကျောင်းလို့ မပြောနိုင်သော်လည်း ၎င်းသည် ထိပ်ဆုံးများကြားတွင် သေချာပေါက် အဆင့်သတ်မှတ်ချက်ဝင်ပြီး ကျောင်းအပ်နှုန်းနှင့် ဂုဏ်သိက္ခာရှိသော ကျောင်းများသို့ ဝင်ခွင့်ရသော ကျောင်းသားများ အရေအတွက်အရ ၎င်းသည် အလွန်အထင်ကြီးစရာကောင်းသည်။
စုကျင်းယန်ရဲ့ အဆင့်တွေက သူ့အတန်းရဲ့ အစမ်းထိပ်ဆုံးမှာမဟုတ်သော်လည်း သူက သူ့အတန်းထဲမှာ ထိပ်ဆုံး ငါးယောက်အတွင်း ရှိနေဆဲဖြစ်သည်။သူက သူ့အအခြေအနေကို တည်ငြိမ်အောင်လုပ်ပြီး ကြိုးကြိုးစားစား စာလေ့လာသရွေ့ သူအဓိက တတ္ကသိုလ်ကြီးတွေ မဝင်နိုင်ဘူးဆိုရင်တောင် သူက အလွယ်တကူပဲ သာမန်တစ်ခုသို့ ရနိုင်သေးသည်။
အတန်းလေးက စီနီယာကျောင်းသားတွေက သူတို့အတန်းpetလေးရဲ့ နေ့လည်စာ အလေ့အကျင့်ကို အလွန်သတိထားမိတယ်။သူက စားသောက်ဖို့ အတန်းထဲက မထွက်ခင် လူတိုင်းထွက်သွားတဲ့အထိ စောင့်လေ့ရှိတယ်။အပြင်ဘက်မှာ လူတွေအများကြီးရှိနေရင် သူကဗိုက်ဆာနေရင်တောင်မှ အပြင်ထွက်ပြီးစားမှာမဟုတ်ပေ။
ဘာလို့လဲဆိုတော့ ကျီယွမ်အထက်တန်းကျောင်းမှာ ရေးမထားတဲ့ စည်းမျဥ်းရှိပြီး သရေစာ ဒါမှမဟုတ် အမြန်စား အစားအစာတွေကို စာသင်ခန်းထဲတွင် စားခွင့်မပြုပေ။
ဒါပေမယ့် ဒါကိုစဥ်းစားပြီးနောက် ဒီကမ္ဘာမှာ သူတို့ဘာပဲလုပ်လုပ် သူတို့ကို မျက်လုံးပေါင်း တစ်ရာလောက် စိုက်ကြည့်နေမှာကို ဘယ်သူမှမလိုချင်ပေ။
ဒီလျိုဝှက်ချက်ကို ရှာတွေ့ခဲ့တာ ဘယ်သူလဲဆိုတာ မသိသော်လည်း သတင်းတွေထွက်လာတာနဲ့ တစ်ကျောင်းလုံး အခြေခံအားဖြင့် ပျံနှံ့သွားပြီး သူတို့က ထမင်းစားချိန်ရောက်တိုင်း ကဖီတေးရီးရားကို ပြေးသွားကြသည်။တကယ့်အကြောင်းပြချက်ကို မသိတဲ့သူဆိုရင် ကဖီတေးရီးရာက အစားအစာတွေက မယုံနိုင်လောက်အောင် အရသာရှိနေလို့လို့ တွေးကြလိမ့်မည်။
YOU ARE READING
သံသယလွန်ကဲတဲ့ ဘောစ့်တွေအားလုံးက ငါ့ရည်းစားတွေ
TerrorCredit to Author & Translators. ခွင့်ပြုချက်မရထားပါ။