Ep-7. U/Z

72 4 1
                                    

ဒီဇင်ဘာကျောင်းပိတ်ရက်လည်း နီးနေပြီ။
ကျောင်းမပိတ်ခင် စာမေးပွဲဖြေရဦးမှာပါလား။
ဒီဇင်ဘာ ဆိုတဲ့အတိုင်း ဆောင်းရာသီဖြစ်တာကြောင့် ချယ်ရီပန်းတွေလည်း ပွင့်ချိန်ရောက်ပြီ။ထိုချယ်ရီပန်းလေးတွေကို မြတ်နိုးတတ်သူမှာ ဇေယျာပင်ဖြစ်သည်။ အိမ်ထဲတွင်လည်း လျှောက်လမ်းတစ်လျှောက်ပန်းလေးတွေပွင့်လို့နေပြီ။
ခြံထဲတွင် ​ပင်ရိပ် အောက်၌ စာမေးပွဲအတွက်စာကို ဇေယျာက လေ့လာလျက်။

"ဟာကွာ စာမေးပွဲကြီးက ဖြေရဦးမယ် ကျောင်းအမြန်ပိတ်ချင်ပြီကွာ ကျောင်းပိတ်ရင်တော့ ငါနေရာစုံပတ်သွားလိုက်ဦးမယ်"

ခြံထဲတွင် စိတ်ကူးတွေနဲ့ တစ်ယောက်ထဲ ရှိနေသော ဇေယျာ။

"ဪ ကျောင်းကြီးလည်း ဒီဇင်ဘာ ပိတ်ဦးမှာပါလား ငါကျောင်းပိတ်ရင်တော့ မိဘတွေရှိရာ ကောလင်းဒေသကို တစ်ခေါက်လောက်တော့ သွားဦးမှပါ။ ပြီးရင်တော့ ရှမ်းပြည်က ဘိုးလေးတို့ဆီ အလည်သွားမယ်"

ဒီဇင်ဘာကျောင်းပိတ်ရက်အတွက် အစီအစဥ်ချနေသော စိုင်းအောင်ခမ်း။

စာမေးပွဲ ပထမဆုံးနေ့မှည မနက်တွင် မြန်မာ နေ့လည်တွင် English စာဖြေရမယ်ဖြစ်တယ်။

ဇေယျာက စာမေးပွဲတွင်းမို့ နွေးသစ်ချိုနဲ့လည်း စကားမပြောဖြစ်ပါဘူး။
ဇေယျာ့အတွက်က အခြားဘာသာတွေကတော့ တော်တော်လွယ်ပါတယ် ဒါပေမယ့် သမိုင်းကတော့ သူ့အတွက်တော်တော် ခက်ပါတယ်။

သူ့ဆီမှာစိတ်ကူးရှိပြီးသားပါ ဇေယျာက ထိုစိတ်ကူးကို သဘောမကျပေမယ့် စာမေးပွဲအောင်ဖို့အတွက် လုပ်ရမှာပါပဲ။
သူက ဘုန်းမောင်ကို သမိုင်းဘာသာ အတူတူလုပ်ဖို့ပြောပါတယ်။

"ဟျောင် ဘုန်းမောင် ငါ သမိုင်း မကျွမ်းတာမင်းသိတယ် မလား ငါနဲ့အတူတူ စာလာလုပ်ပေးပါကွာ။

"မင်းဖာသာလုပ်ပါ့လား ငါတောင် မရတဲ့ကြားထဲ မင်းက လာစားနေတယ် အချိန်မရှိဘူး ဟျောင်

"ဒီကောင်က အကူအညီလိုရင်ဘယ်တော့မှမကူညီဘူး"

"ငါလည်း တကယ် မအားလို့ပါကွာ"

ဘုန်းမောင်က ဇေယျာကိုငြင်းလိုက်တော့ နောက်ဆုံး စိုင်းအောင်ကိုပဲ အကူအညီတောင်းရတော့မှာပေါ့

နေဝင်ချိန်ဆည်းဆာ⛅Where stories live. Discover now