"jack နင်တော်တော်လွန်တယ် ငါ့အပေါ်ဆိုအမြဲတမ်းလစ်လျုရှူနေတာ ငါ့ကိုနင်ဘာထင်နေလဲ"ရုံးခန်းတစ်ခန်းလုံး ဆူညံ့ပွက်လောရိုက်နေတဲ့ Lillianရဲ့စကားသံတွေကို hoseokခွန်းတုန့်ပြန်ခြင်းမရှိ တိတ်ဆိတ်နေမိသည်။
နားငြီးခံနေရတဲ့အကြောင်းအရင်းက သူမထက်ပိုပြီး Jungkookကိုအရေးပေးမိလို့တဲ့။"ငါပြောနေတာ နားမထောင်ဘူးလား"
"ဘာလဲကွာ"
Lillianက သူမရဲ့ဆံနွယ်ရှည်တွေကို စိတ်အလိုမကျစွာသပ်တင်လိုက်၏။
အချိန်အတော်ကြာအောင် ဆက်တိုက်ဆူပူနေမိတဲ့အတွက် သူမအာခေါင်ပင်ခြောက်နေပြီ။
Hoseokက သူမအား ကျောက်ရုပ်တစ်ရုပ်လိုသာ သဘောထားမြဲ။"Jeonခေါင်းဆောင်နဲ့အဆက်ဖြတ်လိုက်တော့
နင့်အတွက်အန္တရယ်များတယ်"Hoseokရဲ့ အေးခဲနေတဲ့အကြည့်တွေ သူမအပေါ်ကျရောက်လာတော့၏။
"အမိန့်ပေးနေတာလား Lillian"
"မဟုတ်ဘူး ငါပြောချင်တာ.နင့်ကိုသူ...
"တော်လိုက်တော့ ငါလုပ်သမျှလုပ်ရပ်တိုင်းက
မှန်တယ်လိုငါယူဆထားတယ် အဲ့တာမို့ငါ့ကိစ္စတွေမှာ
ဝင်မပါနဲ့""Jack ငါနင့်အတွက်ပြောနေတာ သူနင့်အပေါ်မရိုးသားဘူး"
Hoseokက လေပူတွေမှုတ်ထုတ်ရင်း ထိုင်ခုံပေါ်မှီချလိုက်သည်။
စကားတွေရှည်ရှည်ဝေးဝေးပြောရတာ သူသိပ်မုန်းမိ၏။"ဒါကငါတို့ကိစ္စလေ"
"ငါတို့.... ဟုတ်လား"
Lillian ရဲ့အရေးမပါသော အကြောင်းအရာများကို
ဆက်နားထောင်ချင်စိတ်မရှိတော့ပေ။
Lillianက သူ့ရဲ့အချိန်တော်တော်များများကို ယူထားပြီးပြီမဟုတ်လား။"ပြန်တော့ ငါအလုပ်ရှိသေးတယ်"
"နင်နောင်တမရပါစေနဲ့လို့ ငါဆုတောင်းတယ်Jack"
Hoseokရဲ့ နှုတ်ခမ်းလေးတွေ တွန့်ကွေးသွားရုံ
ခပ်ဖျော့ဖျော့ပြုံးလိုက်၏။"ငါ့ဘဝမှာနောင်တဆိုတာ ဘယ်တော့မှမရှိဘူး"
___________
___________
YOU ARE READING
Innocence But Devil
Fanfictionလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး