Intro

1.3K 35 0
                                    

                          ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

                                   I want to own it betterfly
                [ ငါလိပ်ပြာလေးကို ပိုင်ဆိုင်ချင်တယ် ]

ဇာတ်လမ်း/ဇာတ်ကွက်နှင့် ဇာတ်ကောင်များသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုခြင်းမရှိပေ။

⊙⁠﹏⁠⊙

အမည် : မေတ္တာလွှမ်းခြုံ

မွေးသက္ကရာဇ် : June 3 , 1995
                           // Saturday //

ကိုယ်သင်းနံ့ : သင်းပျံ့သောနှင်းဆီရနံ့

အကြိုက်ဆုံးအရောင် : မိုးပြာရောင်

                            ∆∆∆

အမည် : ဇိုင်းခန့်ဇေယျာမောင်

မွေးသက္ကရာဇ် : November 3 , 1995
                           // Friday //

ကိုယ်သင်းနံ့ : စွဲမက်ဖွယ်မြေသင်းရနံ့

အကြိုက်ဆုံးအရောင် : အဝါရောင်

                         ∆∆∆

// မေတ္တာလွှမ်းခြုံ //

ငယ်ငယ်လေး ကတည်းက ကျန်းမာရေးချူချာတဲ့ ကျွန်တော့်ကို
အလုပ်မှအလုပ်ဖြစ်နေတဲ့ ကျွန်တော့်မိဘတွေဆီမှာ စိတ်မချလို့ မထားချင်ဘူးဆိုသည့် အဘွားရဲ့ အကြောင်းပြချက်ဖြင့် အဘွားအိမ်မှာ ကျွန်တော့်ရဲ့လူငယ်ဘဝကို ကုန်ဆုံးခဲ့သည်။

ကျွန်တော့် အသက်၁၂အရွယ်ထိ အရာအားလုံးဟာ ပုံမှန်အတိုင်း လည်ပတ်နေခဲ့တယ်။ အိမ်ကနေ‌ ကျောင်း။  ကျောင်းကနေ အိမ်။

နေမကောင်းခဏခဏဖြစ်ပြီး ချူချာလွန်းတဲ့ ကျွန်တော့်ကို ဘယ်သူကမှအပေါင်းအသင်းမလုပ်ချင်ကြပေ။
နွေလယ်ခေါင်ကြီးကိုတောင် အနွေးထည်မချွတ်စတမ်းဝတ်ထားရသည့် ကျွန်တော့်ကို လူအများက ရူးနေတယ်လို့ထင်ကြလိမ့်မယ်။

လေအေးလေးတစ်ချက် ဝှေ့တိုက်တာနှင့် လွှင့်ထွက်သွားမည့်ခန္ဓာကိုယ်နှင့်
ဖျားနာလာသည့် ကျွန်တော်။
ထို့ကြောင့်လည်း အနွေးထည်ကို
ကျွန်တော့်ရဲ့ ကယ်တင်ရှင်ကြီးအဖြစ်
နွေရော မိုးရော ဥတုသုံးပါးမရွေး ဝတ်ထားရတာပေါ့။

I want to own it Butterfly Where stories live. Discover now