ပြင်းရှရှအနမ်း (Or) ဦးချစ်ရသော
အပိုင်း -၁၄
"ရှင်...ဦးကားတိုက်လို့....ဘုရားဘုရား"
မေရင်ဘတ်လေးကိုလက်ကလေးနဲ့ဖိကာ နူတ်မှ ဘုရားတမိသည်။
"မမလေး ကားထဲအမြန်ဝင်လေ"
"အင်းအင်း ဪ မိစုတို့ပြောလိုက်ဦးမယ်"
"အော်မနေပါနဲ့ မမလေးရယ် မြန်မြနါလာပါ"
"အင်းအင်း"
မေ ကားပေါ်တက်ထိုင်ကာ ရင်ထဲမှာတော့ဦးအတွက်စိုးရိမ်ပူပန်နေရဆဲ.....
'ဦးဘာမှမဖြစ်ပါစေနဲ့...ဦးသာ တစ်ခုခုဖြစ်ရင်
မေ ဘယ်လိုနေရမှာလဲ...ကျွန်မချစ်ရတဲ့ ဦးဘာမှမဖြစ်ပါစေနဲ့....မေအတွက်အသက်ရှင်နေပေးပါ...ဘာမှမဖြစ်ပါစေနဲ့...'မေကြည့်နေရင်း ကားကဆေးရုံလမ်းလည်းမဟုတ်ဘဲ
နေရာတွေကျော်နေသည်ကိုမေသတိထားမိသည်။
မြို့အထွက်လမ်းဘက်ကိုဖြစ်နေ၍ မေ လန့်သွားမိကာ...."ဘယ်ကိုမောင်းနေတာလဲ....ဒါမြို့အထွက်မလား...
နင်တို့ငါ့ကို ဘယ်ခေါ်လာတာလည်း....""ရောက်တော့မှာပါ...."
ကားရှေ့က လူကိုကြည့်ရင်း မေလန့်လာရသည်။
အိုဟောင်းနေတဲ့ အိမ်ကြီး တစ်အိမ်ရှေ့ကားကိုရပ်လိုက်သည်နှင့် မေမျက်လုံးများဝိုင်းသွားရသည်။'ဒါဘယ်နေရာလဲ...မဟုတ်မှလွဲရော မေကိုဖမ်းလာတာလား'
မေအတွေးတွေနဲ့ စဉ်းစားမိစဉ်....
"ဆင်း...."
"ဘယ်မှာလဲဦး"
"ဘယ်ကဦးကိုပြောနေတာလဲ...ဆင်းစမ်းကားပေါ်က..."
"မဆင်းဘူး...မဆင်းဘူး...ဖယ်....လွှတ်စမ်း...ခုချက်ချင်းပြန်ပို့ပေး"
"ပို့ပေးမှာပါ...အိမ်တော့မဟုတ်ဘူး....ဟားးးးဟားးးး"
"ဖယ်....ဖယ်စမ်း"
"လာစမ်း....ခေါ်ခဲ့"
မေ လူနှစ်ယောက်လက်ထဲကနေ အတင်းရုန်းနေပေမဲ့ အရာမထင်....မေလက်မောင်းကနေဆွဲကိုင်ထားသည်မို့...မေလက်တွေပင်နာလာရသည်။
အိမ်ကြီးထဲအတင်းဆွဲခေါ်သွားသည်မို့ မေလက်တွေနာကြင်သွားရသည်။
YOU ARE READING
ပြင်းရှရှအနမ်း ( Or ) ဦးချစ်ရသော
Romanceအချစ်ကြမ်းတဲ့လူကြီး "မဟာစည်း" ကောင်မလေးကို ချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့တဲ့ အချစ်ကြမ်းသူကြီး အငြိုးကြီးကြီး ကောင်မလေး "မေလဝန်း" ချစ်သူရဲ့ သေဆုံးမူအတွက် အငြိုးအတေးတွေကြားက အချစ်ကြမ်းကြမ်း အနမ်းကြမ်းကြမ်း ဝတ္တုလေး...