အပိုင်း(၁၇)

23.8K 943 18
                                    

Unicode

"ဦးရှိန်"

"အွန်း "

"မိုးသက်လေကော ဘယ်လိုနေလဲ သူ့အကျင့်အတိုင်းဆို သူ့ကိုယ်သူအပြစ်တင်နေမလားပဲ "

"ကိုယ်ကြားတာတော့ သူသက်ထင်နဲ့လိုက်သွားတယ်"

"တော်သေးတာပေါ့ အကိုနဲ့ဆို သူအတွက်ပိုပြီးလုံခြုံလိမ့်မယ် အားတဲ့တရက်ရက်သွားတွေရမယ် မဟုတ်ရင် သူ.."

"အခုကိုယ့်ရှေ့မှာ တခြားအမျိုးသားတယောက်ကို ချီးကျူးနေတာလားကလေးမ"

လျှမ်းပ"..."

ဒီလူကြီးဘယ်တုန်းကထိ သဘောထားသေးသိမ်သွားရတာလဲ။

ထိုသို့တွေးလိုက်သော်လဲ ထိုလူကြီးနှုတ်ခမ်းများအားအနမ်းပေးလိုက်သေးသည်။

နေရောင်ခြည်နွေးနွေးအောက်မှာ ရွှေရောင်အလင်းဖျော့ဖျော့ကျရောက်နေသော ထိုချောမောခန့်ညားလှသောအမျိုးသား၏ မျက်နှာကိုကြည့်မိသည်။ ထိုအမျိုးသား၏ အကြည့်တချက်လောက်ရရန်ပင် မျှော်လင့်နေကြသော အမျိုးသမီးများ ဒုနဲ့ဓေးရှိနေသည်မှာ အံ့ဩစရာမဟုတ်ပေ။ သူ့ဖခင်နှင့်ရွယ်တူဖြစ်သည့်တိုင် သူ့ဖခင်ထက်ပင် ပိုအရွယ်တင်လှသည်။ ကျရောက်နေသော နေခြည်နွေးနွေးကြောင့်ပေလားမသိ ထိုလူကြီးအား ငေးကြည့်ရသည်မှာ သူ့နှလုံးသားတရှောက် နွေးထွေးရပေသည်။

မည်မျှပင် ထိုလူကြီးအား ငေးမောရသည်ကို ကြိုက်‌နှစ်သက်စေကာမူ ထူလူကြီးထံမှ ပြန်လည်စိုက်ကြည့်ခံရသောအခါ နွေးထွေးရမှ ပူလောင်လာရသည်။ ပြုတ်ထားသော ပုဇွန်ကွေစလေး ဖြစ်မလာခင် ထိုလူကြီးပေါ်မှထကာ ဟိုဟိုဒီဒီပတ်ပြေးရတော်သည်။

သူတို့ရှိရာ မလှမ်းမကမ်းတွင် လူနှစ်ရပ်စာလောက်ရှိသော သနခါးပန်းပင်တပင်ရှိသည်။ ကြီးမားသည့်ပင်စည်ကို ကြည့်ခြင်းအားဖြင့် ထိုအပင်ကြီးမှာ သက်တမ်းရာချီရှိပုံရသည်။ အလျားလိုက်ပင်စည်နိမ့်နိမ့်ပေါ်ထိုင်ရင်း လပ်လှန်းက အဝါရောင် သနပ်ခါးပန်းများကို ဂရုတစိုက်ရွှေးခူးနေသည်။

ဦးဘရှိန်မှာ မလှန်းမကမ်းမှနေကာ အကြင်သူပြုသမျှ ငေးကြည့်နေသည်။ မကြာခင်မှာပင် သနပ်ခါးပန်းလက်တဆုတ်ကိုင်ကာပြန်လာသည်အားတွေ့ရသည်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Tahanan ng mga kuwento. Tumuklas ngayon