426 - 430

67 7 0
                                    

အပိုင်း(၄၂၆) လောကသခင်ကို အမဲလိုက်ခြင်း

“ကိုးဆယ့်ခြောက် စက္ကန့်ပဲ ကြာလိုက်တယ်...”

ဝေ့ဝူယင်၏ အဆက်အစပ် မရှိ စကားကြောင့် လူကြီးမှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ သူက  မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ကိုးဆယ့်ခြောက် စက္ကန့်... ထိုအရာက ဘာအဓိပ္ပာယ်နည်း။

ဝေ့ဝူယင်က အားနည်းသော ခြေထောက်များဖြင့် တဖြည်းဖြည်း မတ်တပ်ရပ်လိုက်၏။ သူ၏ ကယိမ်းကယိုင် ပုံစံကို ကြည့်ရင်း နှစ်ယောက်စလုံးမှာ အနည်းငယ် လန့်ဖျန့်သွား၏။

“ဆက်ဆွဲလေ...”

မိန်းမပျိုလေးက စိုးရိမ်စွာဖြင့် ပြောလိုက်၏။ အစီအရင်မှာ ယခုမှ တစ်ဝက်ခန့်သာ ပြီးပေသေးသည်။ စိတ်လှုပ်ရှားမှုက သူမရင်ထဲ တဖြည်းဖြည်း မြင့်တက်လာ၏။ ထိုလူငယ်က အသက်ကို စတေးကာ အစီအရင်ကို တစ်ပါတည်း ယူသွားရန် ကြံစည်နေသလော။ သို့မဟုတ်... သူက စိတ်ဖောက်သွားသလော။

တစ်ချိန်တည်း၌ လူကြီးမှာ မသက်မသာ ခံစားမှုတစ်ခုကို ခံစားလိုက်ရရာ မျက်မှောင်ကြုတ် လိုက်သည်။ အားနည်းကာ သေဆုံးလုနီးပါး ဖြစ်နေသည့် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က အဘယ်ကြောင့် ထိုကဲ့သို့ ခံစားချက်မျိုးကို သူ့အား ပေးနိုင်ရသနည်း။ သူ့နှလုံးသားက တဒိတ်ဒိတ် ခုန်လာ၏။ ဝေ့ဝူယင်၏ လက်ရှိ အခြေအနေမှာ ခြိမ်းခြောက်နိုင်သည့် ဖြစ်တည်မှု တစ်ခု မဟုတ်သည့်တိုင် သူ မတုန်လှုပ်ပဲ မနေနိုင်ခဲ့ချေ။

အဟွတ်... အဟွတ်...

ဝေ့ဝူယင်က ချောင်းဆိုးရင်း သွေးစများကို အန်ထုတ်လိုက်၏။ ထို့နောက် သူ ပို၍ နေလို့ကောင်းသွားသည်။ သူ လက်နှစ်ဖက်ကို ယှက်ရင်း အယ်ဗန်မျိုးနွယ်ဝင် နှစ်ယောက်ကို ကြည့်လိုက်သည်။

“ကျုပ် ခင်ဗျားတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ရဲ့ သိချင်စိတ်၊ လောဘနှင့် ဗျူဟာတွေက ကျုပ် အသက်ကို ကယ်တင်လိုက်တာပဲ... တကယ် ကျေးဇူးပါပဲ”

“ ... “

အယ်ဗန် မျိုးနွယ် နှစ်ယောက်မှာ ဝေ့ဝူယင်၏ ရုတ်ချည်း ပြောင်းလဲသွားမှုကို ကြည့်ကာ ထိတ်လန့်သွား၏။ တစ်ခဏအတွင်းမှာပင် ဝေ့ဝူယင်မှာ အားနည်းကာ အချိန်မရွေး သတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ် တစ်ကောင် အဖြစ်မှ လောကတစ်ခုလုံးကို ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ပြောင်းလဲသွားသလို သူတို့ ခံစားလိုက်ရသည်။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now